ဒါဟာ ကျွန်မရဲ့ တတ်စွမ်းနိုင် အလုပ်အကိုင်ကြောင့်မဟုတ်ဘဲ ဘုရားမျက်နှာသာ ပေးလို့သာ ရရှိတာပါ။

အနည်းငယ် သက်သေခံချင်ပါတယ်။ ဆရာ ဆရာမ တို့ကျွန်မ နာမည် Naw May Than ပါ။ ဒီနှစ် ၂၀၂၀ မှာ ထူးခြားစွာကောင်းကြီးမင်္ဂလာကို ခံစားရပါတယ်။ ၂၀၁၉ တုန်းက ကျွန်မ ဆုတောင်းခဲ့တယ်ကိုယ်တော် သမီး sunday ရက်တိုင်း ပိတ်ရက်ရချင်တယ်လို့ ဆုတောင်းခဲ့တယ်အဲ့ချိန်မှာလည်း offday ၂ရက်ရပါတယ်။ ဘာကြောင့် ဒီလို ဆုတောင်းခဲ့တာလဲဆိုရင် ဘုရားရှင် မလုပ်နိုင်တာ ဘာမှမရှိဘူး ယုံကြည်ခြင်း တစ်ခုနဲ့သာတောင်းရင် ရမယ်ဘဲ ဝန်ခံတယ်။


ဟဗက္ကုတ်အနာဂတ္တိကျမ်း :

အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အိုထာဝရ ဘုရား၊ ယခုနှစ်များအတွင်းတွင် မှုတော်ကိုပြုပြင်တော်မူပါ။ ယခုနှစ်များအတွင်းတွင် င်ရှားစေတော်မူပါ။အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။


အဲ့ကျမ်းနဲ့ အမြဲဝန်ခံခဲ့တယ် ။၂၀၂၀ ရောက်လာတော့ ကျွန်မ မိသားစုတွေ အသက်တာပြောင်းလဲလာတယ်။ ကျွန်မလည်း အလုပ်ကောင်းကောင်း ထပ်မံရရှိတယ်။ ခုချိန်ထိ ရောဂါတွေ ဖြစ်နေလဲ ဖျားနာခွင့်တောင် မပေးဘူး ဘုရားရှင်ကွယ်ကာပေးတယ်။ အခုဆိုရင်လည်း လစာ **** နဲ့ sunday တိုင်းပိတ်ရက်ရပါတယ်။ ကျွန်မ နေရတဲ့ အခန်းဘက်မှာ ရေပူ မရပါဘူး (ဖိလစ်ပိုင် အစ်မနေခဲ့တာ ၁၀

နှစ်ပါ သူနေခဲ့စဉ်က ရေပူ တပ်ဆင်ခွင်မရခဲ့ပါဘူး)

ဒါပေမယ့် ဒီနေ့မှာ အပြီးတပ်ဆင်ပေးပါတယ်။သူဌေးမိသားစုက ကျွန်မကို အမြဲ မေတ္တာ ပြကြတယ်။ဒါဟာ ကျွန်မရဲ့ တတ်စွမ်းနိုင် အလုပ်အကိုင်ကြောင့်မဟုတ်ဘဲ ဘုရားမျက်နှာသာ ပေးလို့သာ ရှိတာပါ။ ဒါတွေ စဉ်းစားရင်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းလို့ မကုန်နိုင်ပါဘူး။ ပြီးတော့ LIC သင်တန်းကိုလည်း တတ်ရောက်ခွင့်ရခဲ့ပါတယ်။သက်သေခံမယ်ဆိုရင် မကုန်နိုင်ပါဘူး။ ဒါကြောင့် ဒီလောက်နဲ့ဘဲ သက်သေခံပါတော့မယ်။

HIC အသင်းတော်နဲ့ ဆရာ ဆရာမ အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။

အားလုံး နှစ်သစ်မှာ ကောင်းကြီးမင်္ဂလာများစွာနဲ့ကြွယ်ဝ ပြည့်စုံကြပါစေ

အာမင်