Frequently asked questions

What is HIC Singapore ?

Hallelujah International Church Singapore သည် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာများနှင့်တကွ လူမျိုးပေါင်းစုံ၊ နိုင်ငံသားပေါင်းစုံ စုဝေးလျက် ဘုရားသခင်ကို အတူတကွ ဝတ်ပြုကိုးကွယ်သည့် ယုံကြည်သူများ မိဿယဖွဲ့သော ခရစ်တော်၏ကိုယ်ခန္ဓာအသင်းတော်ဖြစ်သည်။

How to join HIC Sunday Worship Service ?

ယခုလက်ရှိ စကာပူအစိုးရမှထုတ်ပြန်ထားသော COVID 19 စည်းမျဉ်း စည်းကမ်း ထုတ်ပြန်ချက်များအရ အသင်းတော်၏ အပတ်စဉ် တနင်္ဂနွေဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များကို  နံနက် ၁၀ နာရီ၌ Zoom Meeting (Online) ဖြင့်သာ ပြုလုပ်သွားမည်ဖြစ်ပါသည်။


လက်ရှိအခြေအနေများ အမြန်ဆုံး ပြန်လည် ကောင်းမွန်လာနိုင်ဖို့ မိမိရှိသော နေရာမှ ဆုတောင်းခြင်းဖြင့် ပါဝင်ကြပါရန် ယေရှုနာမ၌ ဖိတ်ခေါ် အပ်ပါသည်။


❇️ အသင်းတော်ရဲ့ အစီစဉ်များ ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် +65 9022 4195 သို့အချိန်မရွေး မေးမြန်းနိုင်ပါတယ်။

How Many Online Worship Services ?

ဟာလေလုယ အသင်းတော်၏ Online ဝတ်ပြုအစီအစဉ်များကို အောက်ပါအချိန်များတွင် အသင်းတော်၏ Youtube Channel နှင့် Facebook Page များတွင် ထုတ်လွှင့်လျက်ရှိပါသည်။


Wednesday - 9:00PM SGT

Saturday - 9:00PM SGT

Sunday - 10:00AM SGT



  • How Many Online Home Cells in HIC and How can I join ?

By the grace of Jesus Christ, We have 40 Online Home cells currently.

Please check the details at the below link.

"Please Click Here for Online Home Cell Details"


  • How Can I offer My Tithe and Offerings to God through HIC Church ?

Please click on the below link for the offering details. 

" Please Clink Here for Offering Info "


  • Do you have Prayer Services ?

Yes, We have Online Prayer Services as below list.

1) Fasting & Prayer For Myanmar (Every Tuesday)

Fasting Time  - 00:00 To 15:00

Prayer Time - 10:00PM To 10:30PM

2) Morning Prayer Service (Every Wednesday)

Wednesday - 5:30AM To 6:00AM

3) Monthly Fasting & Prayer Service

(Every Last Saturday of a Month)

Fasting - 00:00 To 15:00

Prayer Time - 10:00AM to 1:00PM 

"Please Click Here For Details"



အကယ်၍ မိတ်ဆွေက ရေနှစ်ခြင်းခံယူလိုတယ်ဆိုရင်


ချစ်ခင်ရသော ဓမ္မမိတ်ဆွေခင်ဗျာ၊

HIC Singapore အသင်းတော်မှခရစ်တော်ရဲ့ မေတ္တာတော်နဲ့ လှိုက်လှဲစွာ ကြိုဆိုပါတယ်။


ကျွန်ုပ်တို့ရဲ့ မွေးရာပါအပြစ်၊ကိုယ်တိုင် ကိုယ်၊နှုတ်၊စိတ် နဲ့လွန်ကျူးခဲ့မိတဲ့ အပြစ်များအတွက် သင်နဲ့ ကျွန်ုပ်က တမလွန်မှာ အပြစ်ငရဲကျရောက်ပြီး အပြစ်ရဲ့အခကိုပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။

သို့ပေမယ့် ဘုရား သခင် ရဲ့ တစ်ပါးတည်းသောသားတော် သခင်ယေရှုဘုရားက မိတ်ဆွေ နဲ့ ကျွန်ုပ် ကိုယ်စား အသွေးတော်သွန်းပြီး၊အသက်စွန့်ပြီး ရွေးနှုတ်ကယ်တင်ခဲ့ပါပြီ။

ဂူသွင်းသဂြိုလ် ခြင်းကို ခံခဲ့ပါပြီ။ဒါပေမယ့် (၃) ရက်မြောက်တဲ့နေ့ Sunday မနက်စောစောအချိန်မှာဘယ်လူသားမှ မအောင်မြင်နိုင်တဲ့သေခြင်းတရားကို ချိုးဖျက်ပြီးသေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပါပြီ။

မိတ်ဆွေ အတွက် သခင်ယေရှုဘုရားကျေးဇူးပြုခဲ့ပေးတဲ့ ဒီအကြောင်းကိုမိတ်ဆွေက ကြားပြီး၊ ကိုယ့်အပြစ်တွေအတွက် နောင်တရပြီး၊ သခင်ယေရှုဘုရားကို မိမိရဲ့ ကယ်တင်ပိုင်ရှင်နဲ့ အရှင်သခင် အဖြစ် ယုံကြည်ပြီး၊မိမိရဲ့အသက်တာအတွင်းခေါ်ဖိတ် လက်ခံခဲ့ ခြင်းကြောင့်ကယ်တင်ခြင်း လက်ခံရရှိပြီ ဖြစ်ပါတယ်။

သခင်ယေရှုကို ယုံကြည်လက်ခံပြီးနောက် အချိန်မဆိုင်းဘဲ တတ်နိုင် သမျှ အမြန်ဆုံး ဆက်လက်ပြုလုပ်ရမည့် အရာတစ်ခုကတော့-"ဗတ္တိဇံ (ရေနှစ်ခြင်း) ခံယူခြင်း" ဘဲဖြစ်ပါတယ်။

√ ဒီလို လုပ်ဆောင်ရန်လိုအပ်ကြောင်းသခင်ယေရှုဘုရားကိုယ်တော်တိုင်မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။(မဿဲ၂၈:၁၉၊မာကု ၁၆:၁၆)

√ရှေးကနဦးယုံကြည်သူများလည်း ထိုနည်းတူ ယုံကြည်ပြီးနောက်တွင် အချိန်မဆိုင်းဘဲ အမြန်ဆုံး ရေနှစ်ခြင်း ခံယူကြတာကို သမ္မာကျမ်းစာထဲမှာ တွေ့ရှိရပါတယ်။

 (ပေတရု နှင့် လူ ၃၀၀၀ တမန်တော် ၂:၄၁) (ရှင်ပေါလု တမန်တော် ၉:၁၈) (ဖိလိပ္ပု နှင့် အမတ် တမန်တော် ၈:၃၆~၃၈) (ပေါလု နှင့်ထောင်မှူး တမန်တော် ၁၆:၃၀~၃၃)

√ အနက်အဓိပ္ပါယ် နက်နဲ ပြည့်ဝလွန်းပြီး သခင်ယေရှုရဲ့ အသေခံခြင်း၊သဂြိုလ်ခံခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းထဲမှာ ကျွန်ုပ်ပါဝင်ပါတယ် ဆိုတဲ့အကြောင်းကိုဖော်ပြနေခြင်းလည်းဖြစ်ပါတယ်။(ရော ၆:၃~၄)

√ သခင်ဘုရားကို ယုံကြည်ပါတယ်ဆိုတဲ့ အကြောင်းအရာကို လူရှေ့၊ဘုရားသခင်ရှေ့၊ကောင်းကင်တမန်များရှေ့၊ရှေးသန့်ရှင်းသူများရှေ့မှာနှုတ်နဲ့ ဝန်ခံ သက်သေထူနေခြင်းလည်း ဖြစ်နေပါတယ်။(မဿဲ ၁၀:၃၂)

အကယ်၍ မိတ်ဆွေက ရေနှစ်ခြင်းခံယူလိုတယ်ဆိုရင် အောက်ဖေါ်ပြပါ ဖုန်း နံပါတ်များကို ခေါ်ယူပြီးစာရင်း ပေးသွင်းနိုင်ပါတယ်။

ကိုနော်ဆိုင်း   9781 5824

ဆလိုင်းရန်    9107 7403



လူသားများအတွက် ခရစ်တော်၏ ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း ?

“ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏” (ရောမ ၁ဝ:၁၀) ဟု ဆိုလေသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ခဲ့ပြီး ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ ဖြစ်စေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ထို့အပြင်၊ တစ်စုံတစ်ဦးက တစ်ကြိမ်ကယ်တင်ခံရလျှင်၊ ထာဝရ ကယ်တင်ခံရပြီး၊ သခင် ပြန်ကြွလာသည့်အခါ ကျွန်ုပ်တို့သည် ချက်ချင်း ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။

ရေနှစ်ခြင်းမင်္ဂလာ ဆိုသည်မှာ အဘယ်နည်း ?

1. ခရစ်တော်ကိုယ်တိုင်လည်းပြုခဲ့သောအမှု ဖြစ်သောကြောင့် "ယုံကြည်သူ"တိုင်း ပြုရမည် (မာကု ၁:၉) (Baptism does not make you a believer; it shows that you already are a believer in Christ! Baptism does not ‘save’ you; only your faith in Christ does that. ဧဖက်၂:၈)

- ထိုအခါ ယေရှုသည် ဂါလိလဲပြည် နာဇရက် မြို့မှကြွလာ၍ ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံ ကို ခံတော်မူ၏။ (မာကု ၁:၉)

 

2. ခရစ်တော်၏ မိန့်မှာချက်ကို နာခံသော လုပ်ဆောင်မှု ဖြစ်သည် (မဿဲ၂၈:၁၉)

- သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။

 

3. ယုံကြည်ပြီးမှ ပြုရမည့် အရာဖြစ်သည် (မာကု ၁၆:၁၆) (မယုံကြည်ခင်မှာ ရေနှစ်ခြင်းခံခြင်းက မည်သည့်အကျိုးကျေးဇူးကိုမျှ မဖြစ်စေပါ)

- ယုံကြည်၍ ဗတ္တိဇံ ကိုခံသောသူသည် ကယ်တင်တော်မူခြင်း သို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်း ကိုခံရလတံ့။

 

4. အပြစ်ကလွှတ်ဖို့ လုပ်ဆောင်ရသောအရာမဟုတ်တဲ့အတွက် အပြစ်ပြုမိတိုင်း ပြန်ပြန်ခံစရာမလိုပါ။ (သြတ္တပစိတ်ကြည်လင်ဖို့အတွက် ရေနှစ်ခြင်း ခံရတာ လုံးဝမဟုတ်ပါ)

 

5. ခရစ်တော်နှင့်အတူသင်္ဂြိုလ်ခြင်းကိုခံခြင်း အတူရှင်ပြန်ထမြောက်ခြင်း၏ ပုံဆောင်ချက် ဖြစ်သည် (ရောမ ၆:၄)

- ထိုကြောင့်၊ အသေခံတော်မူခြင်း ၌ ဗတ္တိဇံကိုခံသော အားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်း ကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်း မှထမြောက်တော်မူသည့်နည်းတူ၊ ငါတို့သည်လည်းအသစ်သော အသက်၌ ကျင်လည်ရကြသတည်း။


၁) သခင်ယေရှုကို ယုံကြည်သော်လည်း ရေနှစ်ခြင်း မခံပါက ကယ်တင်ခြင်းရနိုင်ပါသလါး?

သခင်ယေရှု ဘုရား၏ ဘေးဘက်၌ အတူ ကားတင်ခံရသော နောင်တရသော၊ကယ်တင်ရန်တောင်းပန်သော လူဆိုးကြီးအား သခင်ယေရှုဘုရားက ကယ်တင်ခြင်း ဂတိပေး

ခဲ့သည်ကို (လုကာ ၂၃:၄၀~၄၃) သမ္မာကျမ်းစာ၌ တွေ့ရပါသည်။

သခင်ယေရှုကို ယုံကြည်လါသော် လည်းရေနှစ်ခြင်းခံရန် အခြေအနေ မပေးတော့သော၊ အခွင့်အရေး မရှိတော့သော ထို လူဆိုးကြီးအား သခင်ဘုရားက မစခဲ့ခြင်းဖြစ်ပါ

သည်။ *ရေနှစ်ခြင်းခံရန် မလိုအပ်ဟု အဓိပ္ပါယ် မသက်ရောက်ပါ။


၂) သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်  မယုံကြည်ဘဲ ရေနှစ်ခြင်းခံခြင်းက အကျိုးရှိနိုင်ပါသလါး?

အကျိုးကျေးဇူး မရှိနိုင်ပါ။ သမ္မာကျမ်းစာက ယုံကြည်၍ ဗတ္တိဇံ (ရေနှစ်ခြင်း) ခံရန် ဖော်ပြထားပါသည်။

*အထက်ပါ စာပိုဒ် များ၌ဖော်ပြထားသော ကျမ်းညွှန်းများကို ကြည့်ရှုလေ့လာပါ။


၃) ကယ်တင်ခြင်း ပိုမို စိတ်ချ ရစေရန်ရေနှစ်ခြင်း (၂ ) ကြိမ် ခံယူရန် လိုအပ်ပါ သလါး?

မလိုအပ်ပါ။ သခင်ယေရှုဘုရားက- ရှင်မာကုခရစ်ဝင် ၁၆:၁၆ ၌ "ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့" ဟုရှင်းလင်းစွာ ဖော်ပြထားပါသည်။


၄) မိမိ ရေနှစ်ခြင်း ခံခဲ့စဥ်က သခင်ယေရှု၏ ကယ်တင်ခြင်းတရားကို ကြားသိ နားလည်ခြင်း မရှိခဲ့ပါ။

 သို့သော်ယခု အခါ သေချာစွာ နားလည်ယုံကြည်နေပြီ ဖြစ်၍ ရေနှစ်ခြင်းတစ်ကြိမ် ထပ်ခံရန် လိုအပ်မည်/မလိုအပ်မည်ကို သိပါရစေ?

အထက်က ဖော်ပြခဲ့သည့်အတိုင်းကျမ်းစာက ယုံကြည်၍ ဗတ္တိဇံ (ရေနှစ်ခြင်း)ခံယူရန် အခိုင်အမာ ဖော်ပြထားပြီးဖြစ်သည်။

ရှေးကနဦးခေတ် အသင်းတော်မှ သန့်ရှင်းသူများလည်း ထိုနည်းအတိုင်းပင် သခင်ယေရှုကို ယုံကြည်ပြီး ရေနှစ်ခြင်း ခံယူခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ယနေ့ မည်သည့် လူသားပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကမျှ- "ရေနှစ်ခြင်းခံပြီးမှ ယုံကြည်ခြင်း"ကိုလည်း ဘုရားသခင် နှစ်သက်လက်ခံနိုင်ပါသည် ဟုပြောဝံ့၊သွန်သင် ဝံ့မည် မဟုတ်ပါ။

ထို့ကြောင့် သင်ကိုယ်တိုင် ဘုရားသခင်နှင့်အချိန်ယူပြီး၊ ဆုံးဖြတ်ရမည့် အရာပင်ဖြစ်ပါသည်။


၅) သခင်ယေရှုဘုရားကို အမှန်တကယ် ယုံကြည်လက်ခံ ခေါ်ဖိတ် ပြီးနောက်တွင် နှစ်ခြင်းခံယူရန်အချိန်မည်မျှ ထပ်ယူသင့်ပါသလဲ?

မိမိ တတ်နိုင်သမျှ မြန်မြန် ရေနှစ်ခြင်း ခံယူရပါမည်။ *အထက် စာပိုဒ်ပါ ကျမ်းညွှန်းများကို ကြည့်ရှု လေ့လါပါ။

အခြားသော ဘာသာစကားဆိုသည်မှာ အဘယ်နည်း ?

မာကု ၁၆:၁ရ

 ယုံကြည်သော သူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်ကြလတံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတံ့။  (Mar 16:17)

17 Believers will be given the power to perform miracles: they will drive out demons in my name; they will speak in strange tongues; 

Mark 16:17 | GNT


တမန်တော် ၂:၄

 ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မည်သည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။  (Act 2:4)


၁ ကော ၁၄:၆

 သင်တို့ ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှါ ငါအလိုရှိ၏။ ပရောဖက်ပြုစေခြင်းငှါ သာ၍ အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာ စကားဖြင့် ပြောသောသူသည် အသင်းတော်ကို တည်ဆောက်ခြင်းငှါ အနက်ကို မဘော်မပြလျှင်၊ သူ့ထက်ပရော ဖက်ပြုသောသူသည် သာ၍ မြတ်သတည်း။  (1Co 14:5)

Couldn't find what you are looking for? Contact us