ရှင်မဿဲ၁၈း၁၉
“တဖန်ငါဆိုသည်ကား၊မြေကြီးပေါ်မှာသင်တို့တွင်နှစ်ယောက်တို့သည်သဘောချင်းတူ၍ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကိုကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမည်းတော်သည်ပေးတော်မူလတံ့။"အာမင်။
ကျွန်မက ၂၀၂၁မတ်လ ၉ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်တယ်။ အရင်ကတော့ပြန်နားပြီးမှ စင်္ကာပူကိုပြန်လာဖို့ဆုံးဖြတ်ထားတယ်။
ဒါပေမဲ့ မြန်မာပြည်ရဲ့ခုလက်ရှိအခြေအနေကြောင့်မပြန်တော့ဘဲဒီကနေသူဌေးပြောင်းဖို့ဆုံးဖြတ်ပြီး ကျွန်မရဲ့သင်းအုပ်ဆရာ Rev.Kairos Kimနဲ့ကျွန်မရဲ့ Home Cell ထံဆုတောင်းခံချက်တင်ပြီးဘုရားသခင်ကအကောင်းဆုံးပြင်ဆင်ပေးမယ်လို့ယုံကြည်မျှော်လင့်နေခဲ့တယ်။ ဘုရားသခင်ကအရမ်းကောင်းမြတ်တယ်။ကျွန်မတို့သဘောချင်းတူပြီးဆုတောင်းတာကို နားညောင်းပြီးဒီနှစ်မကုန်ခင် နိုဝင်ဘာလမှာဘဲ
တိကျတဲ့အဖြေကိုပေးခဲ့တယ်။ ကျွန်မသူဌေး ပြောင်းစရာမလိုတော့ဘဲ ဒီနေရာမှာဘဲဆက်လုပ်ခွင့်ပေးပြီး စာချုပ်အသစ်မှာလစာပါတိုးပြီးရမှာဖြစ်တယ်။
ကြားနာသူအယောက်စီတိုင်း ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။
ချစ်ခင်လေးစားစွာဖြင့်
Ma Day (Clementi Homecell )