ကျွန်မနာမည် မိုးပွင့်ပါ(Dimboih)
HIC facility မှာ(2016-2019)ပါဝင်ခဲ့ဖူးပါတယ်
2019 March လမှာ မြန်မာပြန်သွားပြီးအလုပ်သစ်နဲ့ပြန်လာဖို့စီစဥ်ဖြစ်ခဲ့တယ်။
အကြောင်းအမျိုးမျိုးကြောင့်အလုပ်သစ်ကို ဝင်လို့မရဖြစ်ခဲ့တယ်။
(အခြေအနေတွေကိုလူ့အနေနဲ့တကယ်နားမလည်နိုင်ခဲ့ဘူး)
ဒါပေမယ့် ကျွန်မအမေအသည်းအသန်နေမကောင်းဖြစ်ပြီး ရုတ်တရက်ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်မှာ ကျွန်မအတွက်ဘုရားသခင်အကောင်းဆုံးစီစဉ်ပေးမှန်းနားလည်လာတယ်။
အမေ့ကို အနီးကပ်ပြုစုခွင့်ရခဲ့တယ် ဆောက်တည်ရာမဲ့ပြီးဝမ်းနည်းနေတဲ့အချိန်မှာ နှုတ်ကပတ်တော်အတိုင်းပြုစုစောင့်ရှောက်ပြီးဆုတောင်းပေးခဲ့ကြတဲ့ HIC သင်းအုပ်ဆရာနှင့်အတူခေါင်းဆောင်အားလုံး..အသင်းသူသားအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။
ဒီလိုအသက်ရှင်တဲ့အသင်းတော်နှင့်ထိတွေ့ခွင့်ရတာဘုရားသခင်ရဲ့ကျေးဇူးတော်သက်သက်ကြောင့်ဖြစ်တယ်..
ဘယ်လိုရှေ့ဆက်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ အရင်အလုပ်ရှင်က ဆက်သွယ်လာတယ်...Agency fee တွေ အများကြီးပေးစရာမလိုဘဲ အဘက်ဘက်ကကူညီထောက့်ပံ့ပေးမယ့်သူတွေနဲ့ဆက်သွယ်ခွင့်ရခဲ့တယ် S'pore မှာ Quarantine ဝင်ဖို့ စရိတ် (အလုပ်ရှင်...အလုပ်သမား..agent) ဆိုပြီး သုံးပုံ တစ်ပုံဆီ ကုန်ကျရမဲ့ စရိတ်ကို ကျွန်မဘက်ကပေးစရာမလိုဘဲ ကျေးဇူးတော်သက်သက်ကြောင့် သူဌေးဘက်က စရိတ်အကုန်ခံပေးတယ်။ လမ်းခရီးတလျှောက်လုံး အဆင်မပြေမှုတွေနဲ့ ပြသနာမြောက်များစွာထဲမှာ အကောင်းဆုံးလမ်းပြပို့ဆောင်ပေးတဲ့ ထာဝရဘရားရဲ့ နာမတော်သာ၍ဘုန်းကြီးပါစေ။ Amen