ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော် ချီးမွမ်းပါတယ်။
ကျွန်မနဲ့ မိသားစုအားလုံး အပေါ်မှာ ဘုရားသခင် ကောင်းမြတ်လွန်းပါတယ်။
ဘယ်လောက်ပဲ အခက်အခဲ တွေ တွေ့ကြုံခဲ့ရပေမဲ့ ဘုရားသခင်ရဲ့ မစခြင်းကြောင့် ယနေ့ဒီအချိန်ထိ မိသားစုဝင်များအားလုံး ကျန်းမာကြပါတယ်ဘယ်လောက်ပဲ ဒုက္ခ လေးပြင်းမုန်တိုင်း ကြုံနေခဲ့လည်း Pastor Kim & ဆရာ/မ များနှင့် အသင်းသူ/သား များရဲ့ ဆုတောင်းကူညီမှုတွေကို ဘုရားသခင်နားညောင်းတော်မူပြီး သေဘေးထဲကနေလည်း ကယ်တင်ပေးခဲ့တယ်။
ဘုရားသခင်ကို အထူးကျေးဇူးတင်သလို HIC အသင်းသူ/သားများအပေါ်မှာလည်း ကျေးဇူးတင်စကားပြောချင်ပါတယ်။
HIC အသင်းတော်နဲ့ ထိစပ်ခွင့်ရတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် မိဘ၂ပါးလည်း ဘယ်လောက်ပဲ ကျန်းမာရေးချို့တဲ့နေပါစေ ယနေ့ဒီအချိန်ထိ အသက်ရှင်နေထိုင်နိုင်ခွင့်ရလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
မောင်လေး Khualpi လည်း မူးယစ်ဆေးဝါးသုံးစွဲခြင်းကနေလည်း လွတ်မြောက်ခြင်းအခွင့် ရခဲ့ပါတယ်။
အမကြီးရဲ့သားလေး Sangpu လည်းပဲ ပကတိကျန်းမာခြင်း ရလာတယ်။ ကျမနဲ့ အိမ်ရှင်သူဌေးတွေလည်း ကျန်းမာခြင်းအခွင့်ပေးလို့ ကျေးဇူးတော် ချီးမွမ်းပါတယ်။
ကျွန်မရဲ့အသက်သာမှာ ယိုင်လဲစရာ ပြသာနာ ဒုက္ခတွေ တွေ့ကြုံလာတိုင်းမှာ Pastor Kim & ဆရာ/မ တွေရဲ့ Sermonsတွေ စကားလုံးတိုင်း စကားလုံးတိုင်းဟာ ကျမအတွက် ခွန်အားဖြစ်စေပါတယ် အမှန်တကယ် ပြောပြရမယ်ဆိုရင် တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့ စိတ်ဓာတ်တွေလဲ ရှိခဲ့ပါတယ် ဒါပေမဲ့ အဲ့လိုချိန်မှာပင် အပတ်စဉ်တိုင်း ဆရာ/မတွေရဲ့ တရားဒေသနာတွေက ကျမဘဝကို ပြန်လည်ပြီး တည်ဆောက်စရာ ဖြစ်လာပါတယ် စိတ်ဓာတ်ကျစရာ အမျိုးမျိုး တွေ့ကြုံလာတိုင်း ဘုရားသခင် ကွယ်ကာမစခြင်းကြောင့် စိတ်ဓာတ်ပြန်လည်ခိုင်မာလာတယ်။
Thanks to The LORD. Thank you Pastor Kim and HIC members🤝
GOD BLESS HIC😇😇😇