ဟုတ်ကဲ့ မင်္ဂလာပါရှင်။
ကျွန်မက HIC Teaching ministryကဖွင့်လှစ်သင်ကြားတဲ့ LIC,GTM online Bible class သင်တန်းကျောင်းကိုပြီးစီးအောင်မြင်ထားတဲ့ကျောင်းသူတစ်ယောက်ပါ။
ရှေ့ဦးစွာဒီသင်တန်းကို တက်ရောက်ခွင့်ပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းပါတယ်။
ထို့အတူပဲသင်တန်းဖြစ်မြောက်အောင်စီစဉ်ပေးကြတဲ့ အသင်းတော်က လူကြီးတွေသက်ဆိုင်ရာခေါင်းဆောင်အသီးသီးကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းဒီနေရာကနေပြောချင်ပါတယ်။
သင်ခန်းစာ videoတစ်ခုချင်းစီတိုင်းကို သင်တန်းသူ/သား တွေအလွယ်တကူနားလည်းသဘောပေါက်အောင် ရှင်းလင်းတိကျပြတ်သားစွာနဲ့သင်ကြားပေးတဲ့ အဖသင်းအုပ်ဆရာ Pastor Kimကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်။
ထို့အတူ Sundayညတိုင်း ကျွန်မတို့မသိနားမလည်တဲ့အရာတွေသော်၎င်း ထပ်ပြီးသိချင်သေးတဲ့အရာတွေကိုသော်၎င်း စိတ်ရှည်စွာနဲ့ ပြန်လည်ဆွေးနွေးပေးကြတဲ့ ဆရာ/မ တစ်ယောက်စီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
ဒီသင်တန်းကိုတက်ရောက်ဖို့ကျွန်မတွက် အခက်အခဲတွေရှိခဲ့ပါတယ်။ သို့ပေမယ့် ကျေးဇူးတော်ကြောင့် အဆင်ပြေချောမွေ့စွာ နဲ့ပြီးဆုံးတဲ့ထိ တက်ခွင့်ရတဲ့တွက်ဘုရားသခင်ကိုအထူးကျေးဇူးတင်ပါတယ်။
ကျွန်မရဲ့အသက်တာမှာ ကျွန်မဖြစ်သလိုနေထိုင်ခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့တယ်။
ခွင့်မလွှတ်နိုင်တဲ့အရာတွေ သူတပါးအပြစ်ချည်နှောင်မိတာတွေကို ကျွန်မဒီသင်တန်း တက်ခြင်းအားဖြင့် ခွင့်လွှတ်တတ်လာတယ်။
ယုံကြည်သူတစ်ယောက်အနေနဲ့ နေ့စဉ်ဘုရားနဲ့အတူကျွန်မလျှောက်လှမ်းတတ်လာတယ်။
ကျွန်မအရင်ကထက်စာရင်ပိုပြီးရင့်ကျက်သောယုံကြည်သူတစ်ယောက်ဖြစ်လာခဲ့တယ်။
ကျေးဇူးတင်ထိုက်သူအားလုံးကို ဒီနေရာကနေကျေးဇူးအများကြီးတင်ပါတယ် လို့ပြောချင်ပါတယ်ရှင်😇🙏
HIC Singapore ကိုလည်းဘုရားသာ၍အသုံးပြုပါစေ🙏
Esther Min - GTM Batch-1 / 2021