ဝိညာဥ်ရေးရာမှာယိုင်လဲကျသွားတာကြာပါပြီ ပြန်ထလာဖို့အတွက်ခေါင်းမာခဲ့တယ် မလုပ်ချင်ဘူး သို့သော်

Online မှာသင်တန်းဖွင့်ပေးလို့ကျေးဇူးတင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့အတန်းတက်ရမယ်ဆိုရင်တော့ ကျွန်မက ဤသင်တန်းတက်ရမည်မဟုတ်ပါ  အမြဲတမ်းခွင့်မရတဲ့အတွက်ကြောင့်ဖြစ်တယ်။ နောက်တစ်ခုက သင်တန်းအချိန်မှီပုံတက်ရဖို့ကအခက်အခဲရှိမယ် သင်တန်းအချိန်မမှန်တာလည်းရှိနိုင်တယ်။ Online ကနေဖွင့်ပေး တော့အရမ်းအဆင်ပြေတယ်။ သင်တန်းတက်ခွင့်ရတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်။

ဤသင်တန်းအားဖြင့်ကျွန်မအသက်တာတိုးတက်မှုပိုရှိလာတယ် ဝိညာဥ်ရေးရာမှာယိုင်လဲကျသွားတာကြာပါပြီ ပြန်ထလာဖို့အတွက်ခေါင်းမာခဲ့တယ် မလုပ်ချင်ဘူး သို့သော်ဤသင်တန်းအားဖြင့်အသက်တာပြောင်းလဲလာတာကိုသိသိသာသာမြင်ရတယ်။ အရမ်းလည်းဝမ်းသာတယ် ကျေနပ်တယ်။ ကျွန်မအတွက်ဘဲသာမဟုတ်ဘဲကျွန်မမိသားစုအတွက်ပါကောင်းကြီးဖြစ်စေပါတယ်။ ဘုရားကိုလည်းကျေးဇူးတင်တယ်။

နောက်ပြီးဤသင်တန်းကိုဖွင့်လှစ်ပေးတဲ့ အဖသင်းအုပ်ဆရာသော်လည်းကောင်း သင်ကြားပေးတဲ့ဆရာဆရာမအားလုံးသော်လည်းကောင်းအဖက်ဖက်ကနေပါဝင်ကူညီပေးတဲ့အမှုတော်ဆောင်များအားလုံးကိုကျေးဇူးတင်ပါတယ်။ ဘုရားသခင်သာ၍အသုံးပြုပါစေ ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်