ကျမအသက်၃၆နှစ်ထိမသုံးနူန်းဖူးတဲ့စကားအရမ်းစိမ်းတဲ့စကားလုံးက ခွင့်လွတ်ခြင်းဆိုတဲ့စကားလုံးပါဘဲ။

ကျွန်မ GTMသင်ခန်းစာရဲ့ခေါင်းစဥ်အရင်ဆုံးကြည့်လိုက်တော့ Lesson 6 ခွင့်လွတ်ခြင်းကိုတွေ့လိုက်တဲ့အချိန် သင်တန်းဆက်မတက်ချင်ကြောင်းသူငယ်ချင်းကိုဖုန်းဆက်ပြီးပြောပြပါတယ်။  ကျမအတွက်အခက်ခဲဆုံးအရာကခွင့်လွတ်ခြင်းပါပဲ။ ဒါပေမယ့် ဒီသင်တန်းပြီးဆုံးအောင်တက်လိုက်တဲ့အချိန် ကျမခု ၃၆နှစ် တိုင်တိုင်ချည်နှောင်ထားတဲ့အရာတွေ တစုံတယောက်က ကျမကိုမျက်ရည် ကျအောင်လုပ်ရင် သူတို့လဲမျက်ရည်နဲ့ပြန်ပေးဆပ်ရတာမျိုး၊ကျမနာကျင်သလိုနာကျင်စေမယ့်အရာတွေ ခုပြန်ပြီးအလျော်ပြန်ယူတာမျိူးမရှိတော့ပါဘူး။

ကျမအသက်၃၆နှစ်ထိမသုံးနူန်းဖူးတဲ့စကားအရမ်းစိမ်းတဲ့စကားလုံးက ခွင့်လွတ်ခြင်းဆိုတဲ့စကားလုံးပါဘဲ။ ဒီသင်တန်းအားဖြင့်ကျမဘဝအတွက်တည်ဆောက်စရာတွေ ခွန်အားရစရာတွေ အများကြီးရခဲ့ပါတယ်။ ခွင့်လွတ်ခြင်းခေါင်းစဥ်တွေ့လိုက်ကတည်းက သင်တန်းဆက်မတက်ချင်ခဲ့တဲ့ကျမတယောက်ခုခွင့်လွတ်ခြင်းတွေနဲ့ပျော်မွေ့လာခဲ့ပါပြီ။

သင်ကြားပေးတဲ့ ခွန်အားပေးခဲ့တဲ့ အဖသင်းအုပ်ဆရာနဲ့တကွသင်တန်းဆရာ ဆရာမများ တာဝန်ရှိလူကြီးအားလုံးရင်ထဲကနေလှိုက်လှဲစွာကျေးဇူးတင်ကြောင်းပြောကြားရင်းအဆုံးသတ်ပါရစေရှင်။

Jasmine - GTM Batch-1 / 2021