ဘုရားကျေးဇူးတော်ကြောင့် ဒီနေ့မှာဆို အသက် 30 ပြည့်အတွက် ကျေးဇူးတော်ချီးမွမ်းခွင့်ရတဲ့အတွက် အရမ်းဝမ်သာမိပါတယ်။
ဆရာတို့မိသားစုကိုလည်း ကျေးဇူးတင်ပါတယ် .. ကျွန်မအနည်းငယ်သက်သေခံချင်တာရှိပါတယ်။ ကျွန်မ 2007 လောက်က စပြီးအစာအိမ်ရောဂါ ရှိခဲ့ဖူးတယ် ခဏခဏ အစာအိမ်နာတဲ့ဝေဒနါကိုခံစားခဲ့ရတယ်.. စင်ကာပူကို 2011 မှာစရောက်ခဲ့တယ်
2013 မှာ HIC မှာစပြီးပါဝင်ဖြစ်တယ်။ 2013မှာပဲကျမအစာအိမ်နာလို အရေးပေါ်ဆေးရုံကိုရောက်ခဲ့ရတယ်..ဒါပေမယ့် ဆေးကအနာကိုအမြစ် ပျက်အောင်မလုပ်နိုင်ဘူး..အဲ့လိုနဲ့ 2014ထဲ ရောက်ခဲ့တော့ဘုရားကျောင်းပြန်လာတယ် အဲ့နေ့မှာ အိမ်ကမထွက်ခင်ထဲကယုံကြည်ခြင်းနဲ့ဘုရားကျောင်းကိုလာနေတယ်။ ဒီနေ့ မှာ ဆရာကအထူးဆုတောင်းလုပ်တဲ့ အခါအရှေ့ဆုံးမှာဆုတောင်းခံမယ်လို့ စိတ်ကူးထားတာ။အဲ့လိုနဲ့ဆရာဆုတောင်းပေးတဲ့အချိန်ရောက်တော့ကျမကအရှေ့ဆုံးမှာနရာယူပြီး ယုံကြည်ခြင်းဖြင့်ဝန်ခံနေတာ ဒီနေ့မှာတော့အဲ့အစာအိမ်ရောဂါဟာ အပြီးအပိုင်ကျမဆီကထွက်သွားရမယ်လို့နှုတ်ကဝန်ခံနေတာ။ အဲ့ဒီအချိန်မှာပဲဆရာလက်ကကျမခေါင်းပေါ်တင်ပြီးဆုတောင်းပေးနေတဲ့အချိန်မှာပဲကျမဝမ်းဗိုက်တစ်ခုလုံးကနွေးပြီးလိမ့်တက်လာတယ်ဒါပေမယ့်မနာဘူး ကျမလည်းမျက်ရည်ကျပြီးနှုတ်ကနေဆက်ပြီးဝန်ခံနေတာအနာရောဂါပျောက်ပြီဆိုပြီးတော့။ အဲ့အချိန်ကစပြီး အခုချိန်ထိ အစာအိမ်နာတဲ့ ရောဂါကျမဆီကနေအပြီးပျောက်သွားတယ်။
ဘုရားသခင်နာမသာ၍ဘုန်းကြီးပါစေ အာမင်။
ကျမဒီသက်သေခံချက်ကို ဆရာဆီမှာ သက်သေခံချင်တာကြပြီ။ ဒါပေမယ့်အခြေနေမရလို့မပြောဖြစ်ခဲ့ဘူး။ ဒါကြောင့်ဒီနေ့ဆရာဆီမှာ သက်သေခံရင်း နဲ့ကျေးဇူးတင်စကားပြောပါရစေ။ အရမ်းကျေးဇူးတင်ပါတယ် ဆရာ။
ဆရာနဲ့ဆရာမိသားစုအပေါ် ဘုရားသခင်သာ၍ကောင်းကြီးပေးပါစေ။ အာမင်🙏