ထူးခြားတဲ့ဘုရားရဲ့ဖွင့်ပြခြင်းတွေခံစားခဲ့ရပါတယ်

ပထမဦးစွာဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ သမီးတို့ဒီသင်တန်းတက်ခြင်းအားဖြင့်နှလုံးသားထဲမှာစနစ်တကျ ဝိညာဥ်အိမ်လေးတည်သွားခြင်းကိုခံစားရပါတယ်။ တပတ်စဥ်တိုင်းမှာ Pastor Kimကသမီးတို့နှလုံးသားထဲမှာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုမျိုးစေ့ချပေးမလဲတည်ဆောက်ပေးမလဲဆိုတာvideoကြည့်ဖို့စောင့်နေရတဲ့မျှော်လင့်ခြင်းးတကယ်videoကြည့်ပြီးတဲ့အခါစနစ်တကျစိုက်ပျိုးခံရခြင်းကြောင့်ဆရာ့ကိုအထူးကျေးဇူးတင်ပါတယ်။

Sundayတိုင်းမှာဆရာရဲ့မျိုးစေ့ကိုထပ်ပြီးမြေသြဇာနှင့်အတူရေလောင်းပေါင်းသင်ပေးတဲ့အချိန်နာရီ မေတ္တာ တွေစိတ်နှလုံးအပြည့်သင်ကြားပေးတဲ့ဆရာဆရာမတွေရဲ့သင်ကြားပေးမှုကြောင့်ထပ်မံပြီးတည်ဆောက်စရာဖြစ်စေခဲ့ပါတယ်။ ဆရာဆရာမတို့ရဲ့သက်သေခံချက်တွေကလည်းလက်ရှိအချိန်မှာတင်သမီးရဲ့အသက်တာမှာသင်ယူစရာတွေများစွာဖြစ်ခဲ့ရပါတယ်။ Question and Answer အချိန်မှာလည်းညီအကိုမောင်နှမတွေရဲ့မေးခွန်း၊ ဆရာဆရာမတွေရဲ့ပြန်လည်ဖြေကြားချက်တွေကနေတည်ဆောက်စရာသင်ယူစရာများစွာထပ်မံပြီးရခဲ့ပါတယ်။ 

သမီးရဲ့အသက်တာထဲမှာ LIC သင်တန်းတက်ရခြင်းဟာ Cetificate ရပြီးစာမေးပွဲအောင်သွားတာမဟုတ်ဘဲတန်ဖို့းဖြတ်မရတဲ့သင်ယူရခြင်းတည်ဆောက်ရခြင်းဘုရားရဲ့ချစ်ခြင်းတွေကိုခံစားခဲ့ရပါတယ်။ သင်တန်းပြီးသွားတဲ့အခါမှာလည်းထူးခြားတဲ့ဘုရားရဲ့ဖွင့်ပြခြင်းတွေခံစားခဲ့ရပါတယ်..နောက်ထပ်တက်ရောက်မဲ့သူတွေကိုလည်းခွန်အားပေးချင်ပါတယ်။ LICသင်တန်းဟာတကယ့်ဘဲအသတ်တာထဲမှာအနှစ်သာရတွေပြည့်နေတဲ့ဘုရားရဲချစ်ခြင်းတွေပြည့်နေတဲ့ဝိညာဥ်အိမ်လေးဟာစနစ်တကျတည်ဆောက်ပေးနေတာဖြစ်တယ်တက်ရောက်တဲ့အခါတကယ်ဘဲဘဝမှာမကြုံဖူးသေးတဲ့မရဖူးသေးတဲ့ရေတွက်မရအောင်များပြားတဲ့ကောင်းချီးတွေခံစားရတယ်.ဆိုတာခွန်အားပေးချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကောင်းချီးများစွာနဲ့အတူများစွာသောတည်ဆောက်ခြင်း.ပြုပြင်ပေးခြင်း သင်ယူရခြင်းတွေရရှိခဲ့ပါတယ်။ ဘုရားသခင်၏နာမတော်ဘုန်းကြီးပါစေ Pastor မှစလို့ဆရာဆရာမများသင်တန်းသူများကိုကျေးဇူးအထူးတင်ပါတယ်.ဘုရားသခင်သာ၍ကောင်းချီးပေးပါစေ။ အာမင်