ကျွန်မ ချယ်ရီထက်၏အသက်တာမှာ
အရာခပ်သိမ်းကိုပိုင်စိုးတော်မူသော သခင်ယေရှု၏ အလင်းပြပို့ဆောင်တော်မူသောကြောင့်
ယနေ့အချိန်ထိ အသက်ရှင်ခွင့်ရလို့ ဘုရားဂုဏ်တော်ချီးမွမ်းပါတယ် ။ ကျွန်မ၏အသက်တာမှာဘုရား၏လုပ်ဆောင်ပေးချက်များကိုလည်း လက်တွေ့ခံစားဖူးခဲ့သော်လည်း ကျွန်မသည်အလွန်စိုးသွတ်သောသူဖြစ်၍ ဘုရားစကားကို ကြားသော်ငြာလည်း မကြားချင်ယောင်ဆောင်မိခဲ့သောအခိုက်တန့်များသည်အချိန်ပေါင်းများစွာရှိခဲ့ပါသည်။ ထိုအခါတွင် ကျွန်မနောင်တရလျက်ရှိသော် ကိုယ်တိုင်ပြင်ဆင်မရ ကျွန်မသည် ဘုရားသခင်စေလွှတ်တော်မူသော ဝိညာဥ်တော် လိုအပ်နေပါသည်။ ကျေးဇူးတော်သည် ချီးမွှမ်းမကုန် LICတတ်ခွင့်ရသည်တိုင်အောင် ဘုရားကလမ်းပြပို့ဆောင်သောကြောင့် LIC သင်ခန်းစာများနဲ့ ဆရာ ဆရာမ များ၏သင်ကြားချက်များနဲ့အတူ ကျွန်မအသက်တာမှာ ဘုရားသခင်ကိုဘယ်လိုကိုးစားရမလဲဆိုတာ ရှင်းလင်းစွာ ကျွန်မသဘောပေါက်ပါသည်။
ဆိုလိုချင်တာက LICသင်ခန်းစာတွေကြောင့်အရင်ကမသိခဲ့သဘောမပေါက်ခဲ့တဲ့အကြောင်းအရာများကိုသိရှိနားလည်လာခြင်း /နှုတ်ကပတ်တရားတော်ဆိုသည်မှာဘုရားသခင်မှုတ်သွင်းတော်မူခြင်း/ဆယ်ဘို့တဘို့၏တန်ဖိုးများနားလည်လာခြင်း/
ရေနစ်ခြင်းသင်ခန်းစာများကိုသဘောပေါက်လာခြင်း)LICသင်တန်းတတ်ခြင်းကြောင့် ဘုရားသခင်နဲ့ရင်းနှီးလာခြင်းနဲ့အတူနောက်သင်တန်းအတွက်ပင်လင်ကျွန်မအဆင်သင့်ဖြစ်နေပါသည်။ဘုရားသခင်၏ဧဝံဂေလိများကို ပြန်လည်မျှဝေဖို့အတွက်လဲ ကျွန်မကြိုးစားလျက် သင်တန်းတတ်ရောက်ခွင့်ပေးတဲ့ဘုရားသခင်ကိုကျေးဇူးတင်လျက် သင်ခန်းစာများကိုသဘောပေါက်သိရှိနားလည်ရသည်အထိသင်အပ်ပေးခဲ့သောဆရာ ဆရာမများကိုကျေးဇူးအထူးတင်ရှိပါသည်။