ဒီနေ့ကျွန်မဟာ ဘယ်နေရာမှာ ဝိညာဉ်အဟာရ ဖြည့်နေလဲဆိုတာကို၊ကျွန်မဆင်ခြင်မိတာဖြစ်တယ်၊

အားလုံးပဲမဂ်လာပါ    

ကျွန်မသက်သေလေးခံချင်ပါတယ် ။ကျွန်မသက်သေခံချင်တဲ့အချက်လေးကတော့၊ဆယ်ဘို့တစ်ဖို့အကြောင်းလေးဘဲဖြစ်ပါတယ်၊ကျွန်မက အခုလက်ရှိစက်ာပူမှာအလုပ်လုပ်နေပါတယ်။HICအသင်းတော် Usher department မှာပါဝင်နေတာဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ usherခေါင်းဆောင် က ဆယ်ဘို့တစ်ဖို့ပေးရတဲ့အကြောင်းကျွန်မကိုပြောပြပါတယ်။သူပြောတာကစက်ာပူမှာထမင်းစားပီ မြန်မာပြည်မှာပိုက်ဆံသွားရှင်းရင် အဓိပ္ပါယ်မရှိဘူးလို့ပြောပါတယ်၊ကျွန်မအဲဒီအရာကိုစဉ်စားလိုက်တော့၊ဒီနေ့ကျွန်မဟာ ဘယ်နေရာမှာ ဝိညာဉ်အဟာရ ဖြည့်နေလဲဆိုတာကို၊ကျွန်မဆင်ခြင်မိတာဖြစ်တယ်၊မြန်မာပြည်မှာလဲကျွန်မရဲ့အသင်းတော်ရှိပါတယ်၊ကျွန်မပို့လိုက်တဲ့ပိုက်ဆံထဲကနေ၊ဆယ်ဘို့တစ်ဖို့နှုတ်ပြီး မြန်မာပြည်ကအသင်းတော်ကိုကျွန်မထည့်ခိုင်းပါတယ်၊

ဒီလိုဘဲ ကျွန်မတစ်ယောက်ထဲ၊ဆယ်ဘို့တစ်ဖို့အကြောင်းနားလည်ဖို့မဟုပ်ဘဲ၊ကျွန်မရဲ့သူငယ်ချင်းတွေကိုကျွန်မပြောပြလိုက်ပါတယ်၊

ကျေးဇူးတော်ကြောင့်ကျွန်မရဲ့သူငယ်ချင်းတွေကနားလည်သွားတာကို၊တွေ့ရတယ်၊ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ဆိုရင်၊သူ့အကိုက

ဓမ္မဆရာတစ်ယောက်ဖြစ်တယ်၊ဟိုတုန်းက သူ့အစ်ကိုဆီဘဲ၊ဆယ်ဘို့တစ်ဖို့၊ကိုပေးတာဖြစ်တယ်၊ကျွန်မရဲ့သက်သေခံချက်နဲ့၊သူ့အကိုကသူ့ကိုပြောပြတာ ညီမရဲ့အကိုက ၊ဓမ္မဆရာဖြစ်လို့၊ဆယ်ဘို့တစ်ဖို့ပို့ပေးရမယ်ဆိုတာမဟုတ်ဘူးနော်၊အခုညီမက၊ဘယ်မှာဝိညာဉ်အစာ စားနေတာလဲ၊ညီမဝိညာဉ်အစာ စားတဲ့နေရာမှာရှိတဲ့ဝိညာဉ်ဖခင်ကိုဆယ်ဘို့တစ်ဖို့ပေးပါလို့

သူအစ်ကိုကပြောတာကိုကျွန်မကိုပြန်သက်သေခံတာဖြစ်တယ်၊  အပတ်တိုင်းမထွက်ရလို့ခုသူ့ရဲ့ဆယ်ဘို့တစ်ဖို့ကို၊ကျွန်မကတစ်ဆင့်၊HICအသင်းတော်ကို၊ထည့်ပေးတာဖြစ်တယ်၊

ဒီအရာလေးမှာဘာခွန်အားရလဲဆိုရင်၊ကိုယ်သိထားတဲ့အရာက၊ကိုယ့်အထဲမှာဘဲ၊သိုထားဖို့မဟုတ်ဘဲတစ်ပါးသူကိုပြန်လည်ဝေငှဖို့ဖြစ်တယ်ဆိုတာလေးကိုသက်သေခံချင်ပါတယ်၊ကျွန်မတို့ရဲ့သက်သေခံချက်ကြောင့်၊ကျွန်မတို့ရဲ့အလင်း၊ကျွန်မတို့ရဲ့ဝိညာဉ်အသီးအပွင့်လေးတွေ၊မြင်ဖို့ဖြစ်ပါတယ်ဆိုတာကိုထပ်မံသက်သေခံချင်ပါတယ်။

🙏🙏ဘုရားရဲ့ကျေးဇူးတော်ကို၊ချီးမွမ်းရင်း

 တစ်ယောက်စီတိုင်း၊ဘုရားရဲ့ဘုန်းတော်ထင်ရှားပါစေ။ Amen

(Mai Maw Lee Zin - HIC Usher Department)