ချည်နှောင်ခြင်းကနေလွှတ်မြှောက်လာတဲ့လူတစ်ယောက်အသက်တာ

Shalom

ကျွန်မနာမည်နော်သလဲထူးဖြစ်ပါတယ်။ ရှေ့ဦးစွာအချိန်နာရီကိုပြင်ဆင်ပေးတဲ့အဖဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ကျွန်မကိုသက်သေခံချက်ရေးဖို့ရန်အတွက်အခွင့်ပေးတဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းသလို HIC အသင်းတော်မှာရှိတဲ့  သင်းအုပ်ဆရာနှင့်အမှုတော်ဆောင်ဆရာ / များအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။


ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်မ LIC / GTM သင်တန်းတက်ခွင့်ရပါတယ်။ သင်တန်းတက်ခွင့်ရလို့ အသက်တာမှာပြောင်းလဲမှုတွေရှိလာတယ် သိချင်တာတွေကိုသိခွင့်ရခဲ့တယ်။ ကျေးဇူးတော်အားဖြင့် အထူးသဖြင့်ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီးတော့မှာကျွန်မအသက်တာမှာ ကျွန်မရဲ့အချစ်ရဆုံးသူ တစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့ ဖခင်အရင်း ဖြစ်တဲ့ကျွန်မရဲ့အဖေကို လွန်ခဲ့တဲ့ 2017 တုန်းက မိသားစုရေးရာတစ်ခုအတွက်ကျွန်မသူ့ကိုအရမ်းဒေါသထွက်မိတယ် အကြောင်းအရာကဘာလည်းဆိုတော့ ကျွန်မရဲ့မိခင်က 2009 ခုနှစ်တုန်းကခေါ်တော်မူခြင်းကိုခံရပါတယ်  ကျွန်မရဲ့မိခင်ခေါ်တော်မူြခင်းကိုခံရပြီးတဲ့နောက်ပိုင်းမှာ ကျွန်မက စိုးရိမ်မိတာဘာလည်းဆိုတော့  မှန်တိုင်းဝန်ခံရရင် ကျွန်မ မိထွေးပြန်ရမှာကိုအရမ်းစိုးရိမ်မိတယ် ဒါပေမဲ့ အဖေကတော့ နောက်အိမ်ထောင်မပြုတော့ဘူးလို့ကျွန်မကိုပြောပြခဲ့ဖူးပါတယ် အဲ့ဒီတော့ကျွန်မယုံကြည်ခဲ့တယ် ကျွန်မကျေနပ်တယ် သို့သော်2017 ခုနှစ်တုန်းက ကျွန်မ စက်ာပူကိုရောက်လာပါတယ် ဖုန်းလည်းတစ်လတစ်ကြိမ်ဘဲကိုင်ခွင့်ရတယ် မိသားစုနဲ့တစ်လတစ်ကြိမ်ဘဲဖုန်းဆက်ခွင့်ရတယ် အဲ့ဒီတုန်းကကျွန်မဒီမှာရှိနေတဲ့အချိန်မှာ နောက်ပိုင်းမှာကျွန်မအဖေက နောက်အိမ်ထောင်ပြုသွားတယ်ဘယ်သူမှကျွန်မကိုအသိမပေးခဲ့ဘူး အဖေကိုယ်တိုင်လည်းကျွန်မကိုဘာတစ်ခုမှမပြောခဲ့ဘူး ဒါပေမဲ့တစ်ညမှာတော့အမေ့ကိုကျွန်မအိမ်မက်မက်ခဲ့တယ်အဲ့ဒီအကြောင်းအရာတွေအားလုံကျွန်မအမေကပြောပြတယ် ဒါပေမဲ့အိမ်ယာနိုးတော့ထူးဆန်းတာကိုကျွန်မခံစားရတယ် စိတ်ကမပျော်တော့ဘူး အိမ်မက်မက်တာဘဲဆိုမေပဲ့ အမေကိုအိမ်မက်တိုင်းကမိသားစုမှတစ်ခုခု ထူးခြားမှုရှိတယ်ဆိုတာကျွန်မသိတယ် အဲ့ဒီတော့ကျွန်မအိမ်ရှင်ကိုခွင့်တောင်းပြီးဖုန်းဆက်ခဲ့တယ်  အိပ်မက်ထဲကအမေပြောပြတဲ့အတိုင်းမေးတော့ မှန်ဖြစ်တာသိရတော့ အရမ်းဒေါသထွက်တယ် အဖေကိုလည်းစိတ်ဆိုးတယ် ကျွန်မကမိသားစုဝင်တစ်ယောက်မဟုတ်လို့အသိမပေးတာလားဆိုပြီး ပြန်ပြောတယ် ကျွန်မကိုဘယ်သူမှမိသားစုဝင်တစ်ယောက်အနေနဲ့မထားဘူးဆိုပြီးကျွန်မခံစားရတယ် ဝမ်းနည်းတယ်မျက်ရည်တွေကျခဲ့ရတယ်အဖေကိုမုန်းချင်တဲ့စိတ်ဖြစ်လာတယ်။


နောက်ဆုံးကျွန်မအရမ်းချစ်ရတဲ့အဖေကိုကျွန်မအပြစ်ချည်နှောင်လိုက်တယ် သူက ကျွန်မကိုတကယ်မချစ်ဘူးဆိုတာအမြဲခံစားရတယ် ကျွန်မတစ်သက်လုံးသေတဲ့အထိခွင့်မလွှတ်ဘူးလို့ပြောထားမိတယ် သို့သော် ဒီခွင့်လွှတ်ခြင်းသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှ ကျွန်မစိတ်ကိုတို့ထိလိုက်တဲ့အရာက ဘာလည်းဆိုတော့ ကျမ်းချက်အားဖြင့်သူတစ်ပါးရဲ့အပြစ်ကိုခွင့်မလွှတ်ရင်ကိုယ်ကိုတိုင်လွှတ်ခြင်းမခံရဘူးလို့ပြောထားပါတယ် အဲ့ဒီကျမ်းချက်အားဖြင့်ကျွန်မ ကိုတို့ထိတယ်  လေးနှစ်လုံးလုံးကျွန်မက အဖေ့ကိုချည်နှောင်ထားတယ်ဆိုတာကိုပြန်သတိရမိတယ်  အဲ့ဒီအထဲမှာမှအစ်မတစ်ယောက်ရဲ့သက်သေခံချက်လေးနားထောင်မိလိုက်တယ် သူ့အဖေကိုခွင့်မလွှတ်ဘူးအပြစ်ချည်နှောင်ထားတယ်ဒါပေမဲ့ဒီသင်ခန်းစာအားဖြင့်အဖေကိုခွင့်လွှတ်ဖို့အတွက် ပြောချင်ပေမဲ့ အချိန်နောက်ကျသွားတယ် အဖေမရှိတော့ဘူးဆိုတာကြားရတော့ ကျွန်မလန့်သွားတယ်ကျွန်မစိတ်အရမ်းတုန်လှုပ်ရပါတယ် အဖေ့ကိုခုဘဲချက်ချင်းခွင့်လွှတ်ချင်တယ် ဝန်ခံချင်စိတ်ဖြစ်လာတယ်ကျွန်မအတွက်အခွင့်အရေးရသေးတယ်ဆိုတာကိုသိလိုက်ရတယ်။


( ယော 20:23 အကြင်သူ၏အပြစ်ကိုသင်တို့လွှတ်လျှင်ထိုသူသည်အပြစ်လွှတ်လျက်ရှိ၏။အကြင်သူ၏အပြစ်ကိုသင်တို့တည်စေလျှင် ထိုသူသည်အပြစ်တည်လျက်ရှိ၏ဟုမိန့်တော်မူ၏။) ဆိုတဲ့ကျမ်းပိုက်လေးဖတ်မိတော့ ကျွန်မခွင့်မလွှတ်ရင်အဖေလည်းအပြစ်တည်အုံးမယ်လွှတ်ခြင်းမခံရသေးဘူးဆိုတာလေးသိသွားတော့ခွင့်လွှတ်မှရမယ်ဆိုတာသိရတယ်။


နောက်ကျမ်းပိုက်တစ်ခုအနေနဲ့ (မသဲ 18:18ငါအမှန်ဆိုသည်ကားမြေကြီးပေါ်မှာသင်တို့ချည်နှောင်သမျှသည်ကောင်းကင်ဘုံ၌ချည်နှောင်လျှက်ရှိလိမ့်မည်။မြေကြီးပေါ်မှာဖြေလွှတ်သမျှသည်ကောင်းကင်ဘုံ၌ဖြည်လွှတ်လျှက်ရှိလိမ့်မည်။)

ဒီကျမ်းပိုဒ်အားဖြင့်ကျွန်မ ဘုရားစကားပြောတယ် သူတစ်ပါးရဲ့အပြစ်မလွှတ်လျှင်ကိုယ့်ရဲ့အပြစ်ကိုလည်းကောင်းကင်ဘုံ၌ရှိတဲ့အဖလည်းကိုယ့်ကိုခွင့်မလွှတ်ဘူးဆိုတာသိခွင့်ရတော့ကျွန်မစိတ်ထဲအခုချက်ခြင်းဘဲ အဖေကိုတောင်ပန်ချင်စိတ်ပေါ်လာတယ် ချည်နှောင်မိတဲ့အပြစ်တွေပြန်လည်ဝန်ချပြီးမချည်နှောင်တော့ဘူးဆိုတာကိုဝန်ခံချင်တယ် အဲ့တာနဲ့ ကျွန်မသင်တန်းပြီးတာနဲ့ချက်ချင်းဖုန်းခေါ်ပြီးအဖြစ်အားလုံးကိုအဖေဆီပြောပြ ချည်နှောင်မိတဲ့အပြစ်အတွက် ပြန်လည်တောင်းပန်တယ် အဖေလည်းခွင့်လွှတ်ပေးတယ်နားလည်ပေးတယ် လို့ပြောလာပြီးတော့မှ သူကျွန်မကိုဘယ်လောက်ထိချစ်ကြောင်းပြောလာတဲ့အခါ ကျွန်မ မခံစားနိုင်ဘဲဝမ်းသာတဲ့မျက်ရည်တွေ အလိုလိုကျမိတယ် အဲ့ဒီအချိန်မှာကျွန်မနဲ့အဖေကြားမှာ ကာဆီးထားတဲ့အရာ ဖုံးကွယ်ထားတဲ့အရာမှန်သမျှ ဘာမှမရှိတော့ဘူးအဖေကိုအကောင်းမမြင်တဲ့စိတ်လည်းမရှိတော့ဘူး အဖေကိုအရင်ကထက်ပိုချစ်ပိုမြတ်နိုးတာထက်အဖေရဲ့မေတ္တာကိုပိုခံစားလာရပါတယ်။


အဓိကကျွန်မ ပြောချင်တာကဘာလည်းဆိုတော့ သူတစ်ပါးရဲ့အပြစ်ကိုချည်နှောင်လိုက်တဲ့အခါမှာ ကျွန်မ ရဲ့ဝိညာဥ်ရေးရာမှာ ကျရှုံးသွားတယ် မှန်တကယ်အဖေရဲ့မေတ္တာမခံစားရဘူးဆိုတဲ့စိတ်နဲ့ဖြစ်လာတဲ့အခါမှာအဖေကိုလည်းမချစ်ချင်တော့ဘူး သူ့စကားလည်းနားမထောင်ချင်တော့ဘူး အလိုလိုနေရင်းအားငယ်စိတ်တွေဖြစ်လာတယ်ကြောက်ရွံ့စိတ်တွေဖြစ်လာတယ် ဘဝကမလုံခြုံသလိုခံစားရတယ် သိုသော်ခွင့်လွတ်ပေးချည်နှောင်ထားမိတဲ့အပြစ်တွေကိုပြန်ဖြေလွှတ်ပြီးတဲ့နောက်ပိုင်းမှာတော့ အဖေရဲ့မေတ္တာအပြည့်အဝခံစားရတယ် သံသယစိတ်လည်းမရှိတော့ဘူး အဖေကိုချစ်တတ်လာတယ် သူတစ်ပါးရဲ့အပြစ်ကိုခွင့်လွှတ်တော့ကောင်းကင်ကအဖလည်းကိုယ့်အပြစ်ကိုခွင့်လွှတ်တယ်ဆိုတာသိရတော့ လွှတ်လပ်သွားတယ်  ကိုယ်ကိုယ်တိုင်လည်းလွှတ်မွှောကျခွငျးခံစားရလာတော့ ဘုရားရဲ့မေတ္တာပိုပြီးသိလာတယ် ဘုရားဘက်မှာအကောင်းဆုံးပြန်လည်ရပ်တည်လာနိုင်တယ်။


ကျမ်းစာဖတ်ဆုတောင်း  ဖြစ်တယ်တရားဟောချက်လေးတွေနားထောင်တိုင်းကျွန်မအတွက်ခွန်အားရတယ် ဝိညာဥ်သဘောနားလည်လာတယ် ကျွန်မဘယ်အရာနဲ့မှလဲလို့မရတဲ့ တန်ဖိုးရှိတဲ့အရာလေးကျွန်မဘဝရဲ့အသက်တာလေးပြန်ရတယ် ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ် ချည်နှောင်ခြင်းကနေလွှတ်မြှောက်လာတဲ့လူတစ်ယောက်အသက်တာကလေ အရမ်းပေါ့ပါးပြီးပျော်ရွှင်ဝမ်းမြှောက်ရတဲ့အရသာ က ဘယ်အရာနဲ့မှအစားထိုးလို့မရဘူး ဆိုတာ ကျွန်မဝန်ခံပါတယ် အရာရာအားလုံးကဘုရားရဲ့ကျေးဇူးတော်သက်သက်သာဖြစ်တယ်ဆိုတာလေးကိုသက်သေခံရင်းနိရုံးချုပ်လိုက်ပါတယ် ဖတ်သွားပေးတဲ့ညီအစ်ကိုမောင်နှမများအားလုံးဘုရားသခင်ကောင်းကြီးပေးလျှက် သူတစ်ပါးအပေါ်ခွင့်လွှတ်တတ်ဖို့ဘုရားသခင်စကားပြောပါစေ။ အာမင်🙏