ရှေးဦးစွာဘုရားရှင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။
ဘုရားသခင် ကျွန်မတို့မိသားစုပေါ် ကောင်းမြတ်လွန်းပါတယ် ။ ဘုရားသခင်၏ကွယ်ကာခြင်းကြောင့် ကျွန်မသမီးလေးနဲ့ အမျိုးသား ဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခွင့်ရခဲ့ပါတယ် !
20 may လမှာ သမီးလေးနဲ့ အမျိူးသားက ကိစ္စလေးတစ်ခုရှိလို့ တောင်ကြီးကိုတက်သွားရင်းနဲ့ အိမ် အပြန်လမ်းမှာ အခုတလော အရမ်းအဖြစ်များနေတဲ့ ဗုံးကွဲတာနဲ့တွေ့ကြုံခဲ့ရပါတယိ ။ အိမ်က ကားနဲ့ အရှေ့ကား နှစ်စီး ကြားမှာ လူနှစ်ယောက်က အိတ်အမဲနဲ့ ဗုံးကိုလာချသွားပါတယ် ။ ချသွားတဲ့ ဗုံးဟာ အိမ်က ကားနဲ့ အနည်းငယ်မျှသာ ကွာပါတယ် ။ ကားကျော်ပြီး မိနစ်ပိုင်းအတွင်းမှာ ပဲ ချသွားတဲ့ ဗုံးက ကွဲသွားတာဖြစ်ပါတယ် ။ အဲ့ဒီရဲ့ ဖြစ်စဉ်တွေကို CCTV ကနေတစ်ဆင့်ကြည့်တဲ့ အခါမှာတော့ တစ်ကယ့်ကို ကျွန်မသမီးလေးနဲ့ အမျိုးသားတို့ရဲ့ အသက်ဟာ လက်တစ်ကမ်းမှာပဲရှိနေပြီး ဘုရားရှင်ရဲ့ ကွယ်ကာခြင်း မရှိခဲ့ဘူးဆိုရင် မတွေးရဲစရာပါ။ ကျွန်မတို့ အရပ်စကားနဲ့ပြောရင်တော့ “တော်သေးတယ်နော် ကပ်ကပ်လေးလွဲ သွားလို့နော် “ လို့ ပြောစရာရှိသော်လည်း ကျွန်မတို့ ယုံကြည်သူအသက်သာမှာဆိုရင်တော့ ဘုရားသခင်ရဲ့ ကွယ်ကာခြင်း ၊ အတောင်တော်အားဖြင့် လွမ်းခြုံ ထားခြင်းကြောင့်သာ လျှင် လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။ ဘုရာင်းသခင်၏ ကွယ်ကာစောင့်လျှေက်ခြင်း အားလုံးအတွက် ကျေးဇူးတော်ချီးမွမ်းပါတယ် ။
ဘုရားသခင်နာမတော် သာ၍ဘုန်းကြီးပါစေ . အာမင်
Mi Mi Tun (HIC Paya Laber Home Cell Host)