ရှေးဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ယနေ့အချိန်ထိအသက်ရှင်ခြင်းခွ
င့်၊ ကျန်းမာခြင်းခွင့်နှင့်ဘေးအန္တာရာယ်ကနေကွယ်ကာစောင်မတဲ့အတွက်ဘုရားရှင်နာမတော်သည်ကမ္ဘာအဆက်ဆက်ဘုန်းကြီးပါစေ။
HICအသင်းတော်မှာရှိသောအသင်းအုပ်ဆရာ၊Home cellခေါင်းဆောင်များ၊Care group များနှင့်အသင်းသူအသင်းသားများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
ကျွန်မသက်သေခံချင်တာကတော့Covidစဖြစ်ချိန်မှာအလွန်ကြောက်ခဲ့ရပါတယ်ဒါပေမယ့် ဘုရားကျောင်းသွားတဲ့အခါဆရာကြီးကဆာလံ၉၁ဖြင့် ခွန်အားပေးတဲ့နှုတ်ကပတ်တော်ကိုကြားရတဲ့အခါလုံးဝမကြောက်တော့ဘဲသွားလာတဲ့အခါ ဆာလံ၉၁ကိုစိတ်ထဲမှာရွတ်ပြီးသွားလာဖြစ်ပါတယ်။
August လမှာကျွန်မအစာရှောင်ဆုတောင်းတဲ့တနေ့မှာ အလုပ်လုပ်ရင်းရေပုံးမလိုက်တဲ့အခါမှာခါးထဲမှာ အသံတခုမြည်ပြီးချက်ချင်းဒူးထောက်တဲ့ပုံစံဖြစ်သွားပြီးနှလုံးခုန်အရမ်းမြန်လာပြီးချွေးတွေလည်းထွက်လာပါတယ်အိမ်သာထဲမှာဖြစ်နေတဲ့အချိန်မို့ကိုယ့်ကိုကိုယ်သေတော့မယ်လို့ထင်ခဲ့မိပါတယ်အဲ့ဒီအချိန်မှာ ကျွန်မဆုတောင်းလိုက်ပါတယ်ကျွန်မဒီမှာမသေပါရစေနဲ့လို့ဆုတောင်းလိုက်ပါတ
ယ်။ ခါးနာတော့စောင်းပြီးလမ်းလျောက်တာကိုသူဌေးမကမြင်တော့အနာယူခိုင်းပါတယ်။
ဒါပေမယ့်မပျောက်ပါဘူးအိပ်ယာထဲလှဲနေရင်းပြန်ထမယ်ဆိုရင်ခါးမှာတခုခုထောက်နေသလိုဖြစ်လို့လုံးဝမနေနိုင်ပါဘူးအိပ်ယာထဲလှဲနေရင်းနဲ့ဘဲဆုတောင်းလိုက်ပါတယ်။ တွန်းလှည်းနဲ့သွားလာရမှာကိုလည်း တွေးပြီးစိတ်ပူသွားပါတယ်။ နောက်တနေ့တော့ ဆေးခန်းသွားပြပါတယ် အင်္ဂလိပ်ဆေးခန်းရောတရုပ်ရိုးရာဆေးခန်းရောသွားပြပါတယ်။ ဆေးသောက်တဲ့အခါမှာသက်သာသလိုဖြစ်ပေမယ့်ပြန်နာလာပါတယ်။ နေ့လည်ရောက်တော့မြန်မာပြည်ကအဒေါ်ဖုန်းခေါ်လာတော့အကြောင်းစုံပြောပြပြီးတဲ့အခါအဒေါ်ကဖုန်းထဲမှာဘဲအနာရောဂါငြိမ်းဖို့ဆုတောင်းပေးသလို လေ့ကျင့်ခန်းလည်းလုပ်ခိုင်းပါတယ်။
အိပ်ယာထဲလှဲနေရင်းတခုစဉ်းစားမိတယ်ဘုရားကိုအားရပါးရကခုန်ချီးမွမ်းချင်ပေမယ့်မရဘူး။ ဘုရားသွန်သင်လာတာက ကျန်းမာနေတဲ့အချိန်မှာ ဘုရားကိုချီးမွမ်းကခုန်ပြီးကျေးဇူးတော်ချီးမွမ်းဖို့လိုအပ်တယ်ဆိုတာကိုနောင်တရမိသွားတယ်။
ဆေးသောက်တာဆေးကကုန်သွားပေမယ့်ဆေးခန်းလည်းထပ်မသွားချင်တော့ဘူး။ ဆေးကလည်းစျေးကြီးတော့ဘုရားဆီမှာဘဲအနာရောဂါငြိမ်းဖို့ဆုတောင်းမယ်လို့ဆုံးဖြတ်ပြီးဆုတောင်းလိုက်ပါတယ်။ မတ်တပ်ရပ်ပြီးလည်းချီးမွမ်းတယ်၂ရက်ကြာတဲ့အခါခါးနာတာပျောက်သွားလို့ HICအသင်းတော်မှာသက်သေခံချင်တယ်လို့စိတ်ထဲဖြစ်လာပါတယ်။ နောက်တနေ့မှာမြန်မာပြည်ကအဖိုးကဖုန်းခေါ်လာတော့ကျွန်မကိုဆုတောင်းပေးဖို့ပြောတော့
အဖိုးကဆုတောင်းပေးပါတယ်ပြီးတော့ ကျွန်မCare Groupကဆရာမလည်းဖုန်းခေါ်လာပြီးHome Cellမှာပါဝင်ချင်လားလို့မေးတော့ကျွန်မကပါဝင်ဖို့နာမည်စာရင်းပေးလိုက်ပါတယ်။ Care GroupမှာရောHomeCellမှာရောပါဝင်တော့ကျွန်မရဲ့ဝိညာဉ်ခွန်အားအရမ်းတိုးတက်လာသလို နှုတ်ကပတ်တော်တွေကိုလည်းပိုနားထောင်ဖြစ်လာပါတယ်။ LICသင်တန်းတက်ဖို့ ဘုရားကအခွင့်ပေးတဲ့အတွက်ကျမ်းစာပိုဖတ်ဖြစ်လာတယ်။ ပုံမှန်ဆုတောင်း
ဖြစ်လာတယ်သူငယ်ချင်းတွေကိုလည်းဘုရားအကြောင်းပိုပြောပြဖြစ်လာပါတယ်။
ဒီနှစ်ကဝိညာဉ်ရေးရာမှာအလွန်ကောင်းချီးခံစားရတဲ့နှစ်ဖြစ်တယ်လို့ပိုခံစားလာရပါတယ်. ပြီးတော့ ယခုရက်ပိုင်းအတွင်းမှာလည်းရင်ဘတ်အောင့်ပြီးနာလာပါတယ်။ ဘယ်သူ့ကိုမှမပြောပြရဲဘူးမို့လို့ အိပ်လို့မရလို့ ဆုတောင်းလိုက်ပြန်အိပ်လိုက်လုပ်ရပါတယ်။ ပြီးခဲ့တဲ့Sundayကဆရာကြီးဝေငှတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ "တည့်မတ်စွာမတ်တပ်ရပ်ပါ"ဆိုတဲ့နှုတ်ကပတ်တော်မှာဘုရားမျက်မှောက်တော်မှာတိုးဝင်ပြီးဆရာရဲ့အနာရောဂါငြိမ်းခြင်းကို Onlineမှာ တိုက်ရိုက်နားထောင်ပြီးရောဂါပျောက်မယ်လို့ယုံကြည်ပြီးဆုတောင်းမျက်ရည်ကျခဲ့ပါတယ်။
နှုတ်ကနေလည်းနာကျင်တဲ့ရောဂါပျောက်မယ်လို့ဝန်ခံခဲ့ပါတယ ်ရေတခွက်ယူပြီးကျမ်းစာဖတ်ပြီးဆုတောင်းပြီးလိမ်းလိုက်ပါတယ်။ ညဘက်မှာကောင်းကောင်းအိပ်ပျော်လာတယ်။ နာကျင်တာတွေမရှိတော့ဘူးမို့လို့ဘုရားရဲ့ကျေးဇူးတော်ကကျွန်မအပေါ်မှာအလွန်ကောင်းမြတ်တဲ့နှစ်ဖြစ်တယ်လို့ကျေးဇူးတော်ကိုပြန်လည်ရေတွက်ချီးမွမ်းပါတယ်သက်သေခံခွင့်ပေးတဲ့ဆရာတို့ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်ဘုရားရှင်နာမ
တော်သာ၍ဘုန်းကြီးပါစေ။
HICအသင်းသူအသင်းသားအယောက်စီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ။အာမင်။
Testimony By Naw Bah Soh Gay