ဒီလိုနဲ့ ဘုရားထဲမှာ ကိုယ့်ကိုကိုယ်နှစ်မြုပ်လိုက်ပြီး ၊ လုပ်ဆောင်ခဲ့ပါတယ် ။

2020 ဟာ ကျွန်မအတွက်တော့ နှစ်စ မှ နှစ်ဆုံးတိုင် အောင်စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေခဲ့မိတာအမှန်ပါပဲ! ကျွန်မက HIC ရဲ့ care group တခုကိုဦးဆောင်နေရတဲ့ Leader တယောက်အဖြစ်နဲ့ ဆရာကင်းမ် မှ တာဝန်ပေးအပ်ခဲ့ပါတယ်။

2020 နှစ်စပိုင်း မှ စတင်လာတဲ့ covid -19 ကပ်ရောဂါကြောင့် ဘုရားကျောင်းတွေအကုန်ပိတ်လိုက်ရပါတယ်။ ထိုအတူ ကျွန်မဟာ အစိမ်းသက်သက် ဦးဆောင်ရမဲ့ ကဲဂရုမှာ မက်ဘာတွေနဲ့ တွေ့ဆုံ ရင်းနှီးခွင့် တောင်မရ လိုက်ပါဘူး။

ဘုရားကျောင်းတွေပိတ်လိုက်တော့ မန်ဘာတွေရဲ့ နာမည်စာရင်းတွေသာကျွန်မလက်ထဲမှာ ကျန်နေခဲ့ပါတယ်။ သင်းအုပ်ဆရာ မှ Leaders မျာနှင့်တိုင်ပင်ပြီးonline မှcare group စတင်ပြု လုပ်ကြရန်နိုးဆော်လိုက်ပါတယ်။ ကျွန်မလည်းစတင်လုပ်ဆောင်ရန် ဘုရားသခင်ထံ ခွန်အားတောင်းခံ ဆုတောင်းခဲ့ပါတယ်။

အစပိုင်းမှာ မန်ဘာတွေကို တဦးခြင်းဖုန်းခေါ် မက်ဆစ်ပို့ပြီး ရင်းနှီးမှု စတင်ရယူခဲ့ပါတယ်။

သူတို့လေးတွေရဲ့ အလုပ်ခွင်ထဲက အခက်အခဲ ကျန်းမာရေးပြသနာမှ အစ ၊မိသားစုတွေ အရေးမကျန် ကျွနိမ ဘုရားနဲ့နှဘန်းလုံးပြီး တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်

ဒီလိုနဲ့ ဘုရားထဲမှာ ကိုယ့်ကိုကိုယ်နှစ်မြုပ်လိုက်ပြီး လုပ်ဆောင်ခဲ့ပါတယ်

အရာရာတိုင်းမှာ အောင်မြင်မှု အသီးအပွင်တွေ မြင်တွေ့ခံစားခဲ့ရပါတယ်။ ဒီလိုနဲ့ အခုဆိုရင် members တွေနဲ့လည်း ရင်းနှီးနေပါပြီ။ ၂၀၂၀ ခုနှစ်ဟာ ကျွန်မအတွက်ဘုရားထဲမှာ ဝိညာဉ်ရေးရားနယ်ပယ်အရာမှာ နယ်မြေချဲ့ထွင်နိုင်ခဲ့ပါတယ်

အဆိုးအားဖြင့် ရှုံးမခံပဲ၊ အကောင်းအားဖြင့် အဆိုးကို အနိုင်ယူနိုင်ခဲ့ပါတယ် ။အလုပ်ထဲမှာလည်း တခါမျှ မရဘူးသော ကောင်းကြီးနှင့် သူဌေးတွေရဲ့ မျက်နှာသာ ပေးခြင်း အထူးခံစားခဲ့ပါတယ် အသင်းတော်ရဲ့ ဝန်ခံချက်မှာ အားဖြင့်လည်း အထူးကောင်းကြီးဖြစ်စေပါတယ် ဝိညာဉ်ဆုကျေးဇူး အသစ်ရခဲ့တယ် နှုတ်ခမ်းအသီးကို ဝစွာစားခဲ့ရပါတယ်။ ကျွန်မက ငယ်ကတည်းက စာဖတ်တာဝါသနာပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို စာရေးဆရာမ လုပ်မယ်လို့ တခါမျှ စိတ်မကူးမိခဲ့ပါဘူး ! သို့သော်လည်း Covid -19 ကာလတလျှောက်လုံး ကျွန်မဖတ်တဲ့ သမ္မာကျမ်းစာ တွေထဲမှ န့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ ဖွင်ါပြခြင်းတွေ ရတာနဲ့ အခါအားလျော်စွာ ကျမ်းပိုဒ်တွေနဲ့ ကျမ်းညွန်းတွေကို ဝိညာဉ်အဟာရဆောင်းပါးတိုလေး အသွင်ပြောင်းပြီး စာရေးသားပြီ Facebook ပေါ်မှာ ဘုရားအမှုတော်မြတ်မှာ တထောင့် တနေရာမှ ပါဝင်ခဲ့ရပါတယ်။ အရာအရာ ကိုယ်တော်ကြောင့်သာ လုပ်နိုင်ရခြင်းဖြစ်ပါတယ်

သက်သေခံ စာရေးခွင့်ပေးသော HIC အသင်းတော် ကို ကျေးဇူးအထူးတင်ပါတယ်

🙏🙏 😇😇

စာရေးသူ ; ရိုစီခေါင်နော