အဲချိန်ကစပီး အဖသင်းအုပ်ဆရာဝန်ခံခိုင်းတဲ့အတိုင်း

ဟာလေလုယာ ရှေးဦးစွာဘုရားရှင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်။

2020ဒီနှစ်တစ်နှစ်တာလုံးမှာ ဘုရားရှင်ကျမအပေါ်မှာ အရမ်းကောင်းမြတ်ခဲ့တဲ့အကြောင်းသက်သေခံချင်ပါတယ်။ ဘုရားကျေးဇူးတော်ကြောင့်ကျမအိမ်ရှင်တွေကကျမအပေါ်မှာအရမ်းကောင်းကြပါတယ်။ ဘာလိုလေသေးမရှိအောင်မိသားစုလိုပဲ ဆက်ဆံကြပါတယ်။ ဒါပေမယ့်အပတ်တိုင်း ဘုရားကျောင်းတက်ခွင့်မရခဲ့ပါဘူး။ တစ်လမှနှစ်ခါပဲရခဲ့ပါတယ်။ သို့သော်လည်း every Sundayရပီလို့ယေရှုနာမနဲ့ကျမအမြဲတမ်းဝန်ခံခဲ့တယ်။ ကိုဗစ်ရောဂါကြောင့် ဘုရားကျောင်းတွေ တက်ခွင့်မရတဲ့အချိန်ကစပီးကျမအိမ်ရှင်ကိုခွင့်တောင်းခဲ့တယ်sundayတိုင်းကျမအခန်းထဲမှာဘုရားရှိခိုးပါရစေ။ အဲနေ့တွက်လစာမပေးနဲ့လို့ပြောတော့ သူတို့ခွင့်ပေးခဲ့လို့ HlC online services ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲချိန်ကစပီး အဖသင်းအုပ်ဆရာဝန်ခံခိုင်းတဲ့အတိုင်း အလုပ်ချိန်နည်းနည်းလစာများများကျမဝန်ခံခဲ့ခြင်းဖြင့် ကျွန်မလစာ *** ကနေ *** 2off day ကနေ every Sundayရှိခဲ့ပါတယ်။

အခုချိန်ထိပါပဲအသင်းတော်ရုံးခန်းကို ဆယ်ဖို့တစ်ဖို့သွားပေးရင်းဆရာကကျမကိုဆုတောင်းခံချက်မေးပါတယ်။ ပထမအကြိမ်ရွာဘက်မှာမိုးမရွာလို့ လယ်တွေမစိုက်ရလို့ဆုတောင်းခံခဲ့တယ်။ ဆရာဆုတောင်းပေးခြင်အားဖြင့် ဘုရားကမိုးရွာပေးပီး လယ်တွေစိုက်ခဲ့ရပါတယ်။ တူလေးကျန်းမာရေးအတွက်လည်း ဆရာဆုတောင်းပေးခဲ့ခြင်းအားဖြင့် ဘုရားရှင်နားညောင်းပေးခဲ့ပါတယ်။ အခုကျမတူလေးတက်တဲ့ရောဂါကနေလုံးဝပျောက်ကင်းသွားပါပြီ။

ဘုရားရှင်အရမ်းကောင်းမြတ်ခဲ့ပါတယ်။ ကျွန်မအပေါ်မှာဆုတောင်းပေးခဲ့တဲအဖသင်းအုပ်ဆရာကင်းမ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဘုရားရှင်သာ၍ ကောင်းကြီးများနဲ့အသုံးပြုပါစေ။

အာမင်

Testimony of Ma Ni Ni Tun