ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းကျွန်မရဲ့အသက်သာမှာ ငွေကြေးအားဖြင့်
အခက်အခဲရှိပါတယ်။ကျွန်မကို ကူညီနိုင်မဲ့သူ ဘယ်သူမှလဲမရှိဘူး။အဲ့ဒီအချိန်မှာ
ကျွန်မဘုရားကိုအကြွင်းမဲ့ ယုံကြည်ပြီး ဆုတောင်းခဲ့ပါတယ်။လူ့အနေနဲ့မဖြစ်နိုင်ဘူးလို့
ထင်ထားတဲ့အရာတွေ ဖြစ်စေနိုင်တဲ့ဘုရား ၊၊ တဖြည်းဖြည်းနဲ့ မြန်မာပြည်ပြန်ဖို့ကလည်း
နီးလာပြီ ၊ လူဆိုတော့ စိတ်ထဲမှာတော့ စိုးရိမ်မိတယ်။ဒါပေမဲ့ကျွန်မရဲ့ ယုံကြည်မှုကို
လက်မလျော့ပဲ အမြဲဆုတောင်းတယ်။ အခြားသူတွေရဲ့ သက်သေခံခြင်းကို ကြားယုံနဲ့
ကိုယ်တော်ကို ယုံကြည်ကိုးကွယ်တာ မဟုတ်ပဲ ၊ကိုယ်တိုင်ခံစားရပြီး
သက်သေခံစရာဖြစ်စေပါလို့ အမြဲဆုတောင်းခဲ့ပါတယ်။ဒီလိုဆုတောင်းရင်း စာတန်ကလည်း
အမျိုးမျိုး ယုံကြည်မှုမရှိအောင် နှောက်ယှက်ခဲ့ပါတယ်။ဒါပေမဲ့ ကျွန်မ
လက်မလျော့ခဲ့ပါဘူး။အဲ့လိုနဲ့ ကျွန်မ မြန်မာပြည်ပြန်ရတော့မယ့် အချိန်မှာ သူဌေးတွေအားဖြင့်
ကျွန်မ ကောင်းကြီးခံစားခဲ့ရတယ်။ကျွန်မရဲ့ဆုတောင်းသံကို
ဘုရားနားထောင်ပေးခဲ့တယ်။ဘုရားက လူတွေအားဖြင့် ကောင်းကြီးပေးနိုင်သလို ၊
ရှိတဲ့အရာလေးထဲကနေလဲ တိုးဟွးစေစေနိုင်တဲ့ ဘုရား။ဒါကြောင့် မိတ်ဆွေသင်လည်း ဘုရား
ဟိုလိုဒီလို ပေးပါဆိုပြီး တောင်းနေတာထက် ဘုရားအလိုတော်တိုင်းပေးပါ ဆိုပြီး
တောင်းတတ်ဖို့လည်း အရေးကြီး ပါတယ်။အခုလို ယုံကြည်နိုင်အောင် သွင်သင်ပေးသော
Pastor ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။အသင်းသူ အသင်းသား အားလုံး လည်း
ဘုရားကောင်းကြီး ပေးပါစေ။ ဟေဗြဲဩဝါဒစာ ၁၁:၁
မစံပယ်ထွေး