on 14 Jun 2021
Do you think you can escape / သင်လွတ်နိုင်မည်ဟု မထင်ပါနှင့်။
🔹လောကမှာ လူတော်တော်များများက ကိုယ်လွတ် ရုန်းတတ်ကြတယ်။ စာတန်မာနတ်က လည်းလူတွေကို ဖိစီးပြီး စိတ်ဓာတ်ရေးရာမှာ တိုက်ခိုက်နေတာ ဖြစ်တယ်။ ကျွန်တော်တို့နဲ့ထိစပ်သော ယုံကြည်သူ မိသားစုအတွင်းမှာ လွတ်မြောက်နိုင်ဖို့ ယေရူအသွေးတော် ခိုလှုံရမယ်။ ကိုယ်လွတ် မရုန်းဖို့နဲ့ ကိုယ်လုပ်ရမဲ့ တာဝန်ကို လုပ်တတ်ဖို့ရန် နှုတ်ကပတ်တော်ကသွန်သင်ထားပါတယ်။
🔹 ရှင်ဘုရင် အာရွှေရုလက်ထက်မှာ ဘုရင်ရဲ့လူယုံတော်အမတ်ဖြစ်တဲ့ ဟာမန်ကမြှောက်စားခြင်းခံရတယ်။အခြားသောမူးမတ်တွေ နန်းတော်တံခါးကို ရောက်တဲ့အခါတိုင်းမှာ ဟာမန်ကို ဦးချရှိခိုးကြတယ်။
-ထာဝရဘုရားတစ်ပါးတည်းကိုပဲယုံကြည်သော ယုဒလူဖြစ်တဲ့ မော်ဒကဲကတော့ ရှင်ဘုရင်အပေါ်မှာ သစ္စာရှိစွာ တံခါးစောင့်အလုပ်ကိုလုပ်သော်လည်း ရှင်ဘုရင်ရဲ့လူယုံ ဟာမန်ကို ဦးချခြင်းကိုတော့ မလုပ်ပါဘူး။
-ထိုအကြောင်းကို ဟာမန်သိသောအခါ မော်ဒကဲကို အလွန်အမျက်ထွက်သောကြောင့် မော်ဒကဲအမျိုးအနွယ် ယုဒလူတစ်မျိုးလုံးကို ဖျက်ဆီးဖို့ ကြံစည်တယ်။
ယုဒလူတွေကို ဖျက်စီးဖို့ရန် ဟာမန်က ရှင်ဘုရင်ဆီမှ ခွင့်ပြုချက်ရပြီး မြို့ဝန်တွေကဆင့် ထိုသတင်းစကားကို နိုင်ငံတစ်ခုလုံးမှာ ကြေငြာချက်ထုတ်လိုက်တယ်။
-ထိုအခါ မော်ဒကဲသည် အဝတ်ကိုဆုတ်ဖြဲ၊ ပြာနဲ့လူးပြီး လျှော်တေအဝတ်ကို ဝတ်လျှက် မြို့အလည်၌လျှောက်သွားပြီး ငိုကြွေးတယ်။ မော်ဒကဲက အရမ်းနာကျင်၊ကြေကွဲတဲ့အခါ ဘုရားရှေ့မှာ လျှော်တေကို ဝတ်ပြီး ငိုကြွေးတယ်။ ကျွန်တော်တို့ တွေ နာကျင်တဲ့အခါမှာလဲ ဘုရားသခင်ရှေ့ကို ပြန်သွားဖို့ လိုအပ်တယ်။
-နန်းတော်ထဲမှာ မိဖုရားဖြစ်နေတဲ့ ဧသတာက ဦးလေးဟာမန်ရဲ့အကြောင်းကြားတဲ့အခါ လျှော်တေအဝတ်ကိုလဲဝတ်ဖို့ရန် အဝတ်ပေးလိုက်ပြီး သူမဟာရှင်ဘုရင်ခေါ်တော်မမူလျှင် ဘုရင့်အနားသွားရောက်ဖို့မဖြစ်နိုင်ပါဘူးဆိုတဲ့ စကားကိုလဲ မော်ဒကဲအား မှာလိုက်လေသည်။
-မော်ဒကဲက ဧသတာအားပြန်ပြောလိုက်သော စကားမူကား
``နန်းတော်၌ နေသော်လည်း သင့်အသက်လွတ်မည်ဟု မထင်နှင့်။ ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင် သင်နှင့် သင်၏ အဆွေအမျိုးသည် ပျက်စီး၍ ယုဒလူတို့ အသက်ရှင်ခြင်း ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခုပေါ်လိမ့်မည်။ ယခုအမှုကို ဆောင်ဖို့ရာ သင်သည် မိဖုရား အရာကို ရသည်ဟု ထင်စရာ ရှိသည် မဟုတ်လော။ ’’ (ဧသတာဝတ္ထု ၄:၁၃-၁၄)
🔹ကမ္ဘာမှာ ကူးစက်ရောဂါတွေဖြစ်တဲ့အခါ ကိုယ်နေထိုင်တဲ့ မြို့မှာမဟုတ်လို့ လွတ်မြောက်တယ်လို့ထင်ရင် မဟုတ်ပါဘူး။ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်ရပေမဲ့ ကိုယ်ရှိတဲ့နေရာထိကူးစက်ပြန့်ပွါးနေတာတွေ ရှိပါတယ်။
ဘယ်မှာနေနေ လွတ်မြောက်စရာ အကြောင်းမရှိပါဘူး။ဘုရားကွယ်ကာလို့သာလွတ်မြောက်တာပါ။
မိမိလွတ်မြောက်နေတဲ့အချိန်မှာလဲ အသက်တာကိုတန်ဖိုးရှိစွာ အသက်ရှင်ပြီး လူတွေအတွက် လွတ်မြောက်ခြင်းတရား ရရှိဖို့ လိုပါတယ်။
🔹သင်ရှိနေတဲ့နေရာမှာ အဆင်ပြေကျေနပ်ပြီးတစ်ယောက်တည်း ပျော်နေဖို့ ဘုရားသခင် အလိုတော် မရှိပါဘူး။ သင့်အားဖြင့် လူတွေအသက်လွတ်ဖို့ရန် ၊ မိသားစုကောင်းစားဖို့ရန် ဘုရားသခင်ကမျှော်လင့်ပါတယ်။
-မော်ဒကဲက ဧသတာကို ပြောခဲ့သလို သင်သည် တိတ်ဆိတ်စွာနေလျှင်လဲ ယုဒလူတွေကိုကယ်တင်ဖို့ ဘုရားသခင်က တခုခုလုပ်ပေးမှာပါ။ သင်မိသားစုအတွက် ၊ လူတွေလွတ်မြောက်ဖို့အတွက် သင်မလုပ်လဲ ဘုရားသခင်က တစ်စုံတစ်ခုလုပ်မှာပါ။ သို့ပေမဲ့ မိဖုရားဖြစ်နေတဲ့ ဧသတာကို ၊ ကောင်းစားနေတဲ့ သင့်ကို အသုံးတော်ခံဖို့ ဘုရားသခင်က အလိုရှိပါတယ်။
-ကျွန်တော်တို့ရထားတဲ့အရာတွေသည် ဘုရားသခင်က ရည်ရွယ်ချက် တစ်ခုခုရှိလို့ပေးထားတာ ဖြစ်တယ်။ သင်အလုပ်တစ်ခုခုလုပ်နေတယ်ဆိုရင်လဲ ထိုအလုပ်ထဲမှ တစ်ခုခုအားဖြင့်ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားစေချင်လို့ သင့်ကိုပေးထားတာပါ။
🔹သင်အခုရှိနေတဲ့မိသားစုကို ညည်းညူမိတာတွေရှိနိုင်ပါတယ်။ အခြားသော မိသားစုတွေလို ညီညွတ်ပြီး ဘုရားကို ချစ်တဲ့မိသားစု ဖြစ်ချင်လိုက်တာလို့ တွေးမိနိုင်ပါတယ်။
``သင့်ရဲ့မိသားစုထဲမှာ သင့်ကို ဘုရားသခင်ပေးထားတဲ့အရာတွေက သင့်အားဖြင့် တခြားသောမိသားစု ဝင်တွေကို လွတ်မြောက်စေချင်လို့ ဖြစ်ပါတယ် ။ ’’
🔹မောဒကဲ မှာလိုက်သောစကားကို ကြားတဲ့ ဧသတာကတော့ ရှင်ဘုရင်ထံ ဝင်ပါမည်ဟုဆုံးဖြတ်ခဲ့တယ်။ ယုဒလူတွေလဲစုဝေးပြီး သုံးရက်ပတ်လုံး အစာရှောင်ခြင်း အမှုကိုပြုဖို့မှာလိုက်ပြီး ဧသတာကိုယ်တိုင်လဲ အစာရှောင်ခြင်းအကျင့်ကိုကျင့်ပါတယ်။
-ဧသတာကနန်းတော်၌ မိဖုရားဖြစ်နေလို့ နီးစပ်သဖြင့်ဘုရင်ထံကို ဝင်တာဖြစ်ပါတယ်။သို့သော်လည်း ယုဒတစ်မျိုးလုံးကို ကယ်တင်မှာက ဘုရားသခင်ဖြစ်တယ်လို့ ယုံကြည်လို့ အစာရှောင်ခြင်းအမှုကို ပြုဖို့မှာလိုက်တာ ဖြစ်ပါတယ်။
-နောက်ဆုံးမှာတော့ ဧသတာက အမျိုးသားချင်းတွေကို ကယ်တင်ဖို့ ရှင်ဘုရင် အာရွှေရုထံမှာ တောင်းဆိုပြီး ဟာမာန်လက်မှ ကယ်တင်နိုင်ခဲ့သည်။
🔹ကျွန်တော်တို့ကောင်းလို့ မဟုတ်ဘဲ ကောင်းကင်ရောက်ဖို့ သေချာနေတာက သခင်ယေရူကို အသက်သခင်ကယ်တင်ရှင်အဖြစ် ယုံလို့ဖြစ်တယ်။ ထိုအရာကို မိမိရဲ့ မိသားစုဝင်တွေကို ဝေမျှဖို့ စဉ်းစားပါ။ သင်ရှိနေတဲ့ နေရာမှာ ကောင်းစားစွာနေရခြင်းကလည်း စည်းစိမ်ခံစားဖို့တစ်ခုထဲမဟုတ်ဘဲ သင့်ရဲ့မိသားစုကိုဘုရားသခင်က ကျွေးမွေးချင်လို့ ဖြစ်တယ်။