ကြီးမားတဲ့ချစ်ခြင်းမေတ္တာက ခွင့်လွှတ်ခြင်းကိုဖြစ်စေပြီးတော့ ၊ခွင့်လွှတ်ခြင်းက ကြီးမားတဲ့ ချစ်ခြင်းမေတ္တာကိုဖြစ်စေတယ်။ ရှင်ယောဟန် ၈-၁း၁၁
ယေရုှက နံနက်စောစော ဗိမ္မာန်တော်ထဲ တရားဟောနေချိန်မှာ ယေရှုကိုစုံစမ်းဖို့ အတွက် ကျမ်းပြု ဆရာနဲ့ ဖာရိရှဲ တို့က မှားယွင်းမုှပြု တဲ့ အမျိုးသမီးကိုတွေ့ပြီးခေါ်လာကြတယ်။လူတချို့က ယေရှုဟောမဲ့ တရားကိုနားထောင်ဖို့ လာကြတယ်။ကျမ်းပြုဆရာ၊ ဖာရိရှဲ တို့ကတော့ ယေရှုကို စုံစမ်းဖို့ အတွက်သာရောက်လာကြတယ်။ မှားယွင်းမုှကိုပြုတဲ့အမျိုးသမီးကတော့ ယေရှုဟောမဲ့တရားကိုနားထောင် ဖို့လည်းမဟုတ်၊ ယေရှုကို စုံစမ်းဖို့လည်းမဟုတ်ဘူး မှားယွင်းမုှကိုတွေ့လို ကျမ်းပြုဆရာနဲ့ဖာရိရှဲတွေက ခေါ်လာဖြစ်တယ်။
လူတွေယေရုှဆီကို ရောက်လာတဲ့အခြေအနေ မတူပေမဲ့ လူတွေအားလုံး ယေရုှရဲ့ ခြေတော်ရင်းကိုရောက်လာကြတယ်။ လူတွေဟာယေရုှ ဟောမဲ့တရားကို စိတ်ဝင်စား ဖို့ထက် စုံစမ်းခြင်းငါှသာ အထပ်ထပ်မေးလျှောက်ကြတယ်။ ယေရုှက သင်တို့အထဲမှာ အပြစ်ကင်းတဲ့ သူက ထိုအမျိုးသမီး ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ် ပါလို့ ပြောတယ်။ ကျမတို့ကိုးကွယ်တဲ့ ဘုရားက ပညာပြည့်စုံတယ်။ လူသားတိုင်းကို ချစ်ပြီးတော့ ဘယ်သူကိုမှ ဒုက္ခ မရောက်စေတဲ့ ဘုရားဖြစ်တယ်။ ယေရှုဟာ မောရှေရဲ့ ပညတ်တရား ပယ်ဖျက်ခြင်းမဟုတ်ပဲ သာ၍ပြည့်စုံစေခြင်းသာဖြစ်တယ်။ ယေရှုရဲ့ ချစ်ခြင်း မေတ္တာက မှားယွင်းမုှကို
ပြုတဲ့ အမျိုးသမီးအပေါ်မှာလည်း လုံလောက်သလို သူ့ကိုစုံစမ်းဖို့ ရောက်လာတဲ့ ဖာရိရှဲ၊ ကျမ်းပြုဆရာ တွေအပေါ်မှာလည်း လုံလောက်ပြီး ဘာမှမသိဘဲ မောရှေရဲ့ ပညတ်တရားကို လိုက်လျှောက်ဖို့
ရောက်လာတဲ့ လူထုပရိတ်သတ် အပေါ်မှာလည်း ယေရှုက ချစ်တယ်။
ထိုသူတွေက သူတို့ရဲ့စိတ်နှလုံးက သူတို့ရဲ့အပြစ်ကို ဖော်ပြ အားလုံး ပြန်သွားကြတယ်။ ထိုအပြစ်ကို ယေရှုလည်း မစီရင်ဘူး သို့သော် နောက်တစ်ကြိမ် မပြုဖို့မှာလိုက်တယ်။ ကျမတို့အသက်တာထဲမှာ ကျမ်းပြုဆရာ နေရာကပဲ ဖြစ်ဖြစ် လူထုပရိတ်သတ်နေရာကပဲ ဖြစ်ဖြစ် များယွင်းမူှက်ို ပြုတဲ့အမျိုးသမီးနေရာကပဲ ဖြစ်ဖြစ် ဘုရားသခင်ရဲ့ မေတ္တာ ခံစားဖို့ထက် အခြားသောအရာတွေက အသက်တာကို လွဲမှားစေတတ်တယ်။ ယေရှုက ကျမတို့ဘယ်လောက်အပြစ် များများ ထိုအပြစ်ကို ဆေးကြောဖို့ လက်ဝါးကားတိုင် မှာအသွေးသွမ်း ခဲ့တာက သင်နဲ့ ကျွနု်ပ်ကို သိပ်ချစ်လို့ဖြစ်တယ်။ ဘယ်သူကမှ ယေရှုကို အတင်းထွက်မပြေးနိူင်အောင် နည်းလမ်းမျိုးစုံနဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်ပြီး အသေသတ်ခဲ့တာ မဟုတ်ပဲ ယေရှုက သူ့ရဲ့ အသက်ကို သူကိုယ်တိုင် ပူဇော်ခဲ့တာဖြစ်တယ်။ သင်နဲ့ကျွနု်ပ် ရွေးဝယ်ဖို့ပေးခဲ့တဲ့ သူရဲ့အဖိုးအခက သူ့ရဲ့အသက်နဲ့ သူ့ရဲ့အသွေး ဖြစ်တယ်။ ထိုမေတ္တာကို နားလည်တဲ့သူက နောက်တစ်ခါ ဒုစရိုက် အပြစ်ကိုမပြုပါနဲ့။ အပြစ်မမှားပဲနေနိူင်ဖို့ကကျမတို့ ဘုရားသခင်ကျေးဇူးတော်ထဲမှာ အသက်ရှင်ရမှာဖြစ်တယ်။ ယေရှုပြုခဲ့တဲ့ ကျေးဇူးတရားကို နားလည်ပြီးတော့ သူ့ရဲ့ မေတ္တာထဲမှာ အသက်ရှင်မယ်ဆိုရင်သူမကြိုက်တဲ့အရာကို မလုပ်ဖို့ဆိုတာ အရမ်းလွယ်ကူသွားမှာဖြစ်တယ်။
ဘုရားသခင်ရဲ့မေတ္တာကို နားလည်တဲ့အခါမှာ ဘုရားသခင်ရဲ့ကြီးမားတဲ့ မေတ္တာက ကျမတို့အပြစ်ကို ခွင့်လွှတ်ခြင်း ဖြစ်စေတယ်။ ခွင့်လွှတ်ခြင်းအားလုံး၊ ကျေးဇူးတရားအားလုံးနဲ့ ချစ်ခြင်းမေတ္တာအားလုံးက ကိုယ်တော့်ဆီက အရင်ဦးဆုံးလာတာဖြစ်ပြီး အဲဒီနောက်မှကျမတို့က သူ့ကိုပြန်ချစ်နိူင်တာဖြစ်တယ်။ သင်နဲ့ကျွန်ုပ်အပြစ်ကို မှတ်မထားပဲ ဆေးကြောဖြူစင်စေပြီး ကျမတို့ကိုချစ်တဲ့ ဘုရားရှင်ကို ပြန်ချစ်ဖို့ မေတ္တာတရားနဲ့ ကျေးဇူးတရားထဲမှာ ကျင်လည် လျှောက်လှမ်းပြီးတော့ နောက်တဖန် ဒုစရိုက်အပြစ်ကို မပြု ပါနဲ့လို့ပြောခဲ့တဲ့ သခင်ယေရှုဘုရားရဲ့ စကားအတိုင်းပဲ ကျမတို့နေ့စဉ်အသက်တာမှာ သူ့ရဲ့မေတ္တာကို နားလည်ကြောင်း ထင်ရှား စေရမဲ့အချိန် ရောက်လာပြီ။
Pastor Ruth Khum