“ဆန္ဒမစောပါနှင့် ဘုရားရဲ့ အချိန်ကိုစောင့်ပါ” By Sayar Gideon

on 31 May 2021

ကျွန်တော်တို့ရဲ့ အသက်တာမှာ ကြီးထွားရင့်ကျက်တဲ့ အရွယ် ရောက်ဖို့ အချိန်လိုအပ်ပါတယ်။ 

ဘဝရဲ့ အချိုးအကွေ့ အချို့နေရာတွေမှာ ဒုက္ခပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ယေရူခရစ်တော်ကို ဘယ်လောက်ထိ သိကျွမ်းပြီး ခိုင်မာစွာ ရပ်တည်ထားလဲ ဆိုတဲ့ အရာကသာ ပြဿနာ အခက်အခဲကို ကျော်လွှားနိုင်ဖို့ရန် အဓိက အုတ်မြစ်ဖြစ်ပါတယ်။ 

> ယေရူခရစ်တော်က ကျွန်တော်တို့ရဲ့ နှလုံးသား တခါးဝရှေ့မှာ နေ့စဉ် ခေါက်လျက်နေပါတယ် ။ 

မိမိရဲ့နှလုံးသားအကန့်လေး ထဲဍ် ခရစ်တော်ကို ဝင်ရောက် အုပ်စိုးဖို့ နေရာပေးလိုက်ပါ။ 

ထိုနေရာမှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက နေရာယူပြီး ကြီးထွားရင့်ကျက်၊ဘုရားသခင်ဘုန်းတော် ထင်ရှားစေသော အသက်တာ ဖြစ်သည်အထိ ဝိဥာဉ်တော် ဘုရားကူညီလုပ်ဆောင် သွားလိမ့်မည် ။ 

> ခရစ်တော်၏ သဏ္ဍာန်တော် နှင့် တူလာရန်နှင့် ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်ရန် ဖြတ်လမ်းမရှိပါ ။ ဆန္ဒစောပြီးတော့ ကြီးထွားရင့်ကျက်လို့လဲ မရပါ။ အချိန်ယူရပါသည် ။ 

အဲဂုတ္တုတိုင်းပြည်က ထွက်လာတဲ့ က္ကုသရေလလူမျိုးတွေပင် ဘုရားသခင်က နိမိတ်လက္ခဏာတွေအကြိမ်ကြိမ်ပြခဲ့ပေမဲ့ အကြိမ်ကြိမ်မေ့ကြတယ် ။ ယုံကြည်သူတွေ အသက်တာလဲ နောင်တရပြီလို့ ဆုံးဖြတ်ထားတဲ့ အရာပင်လျှင် အကြိမ်ကြိမ် လုပ်မိတက်တာရှိတတ်ပါတယ်။ 

ကျွန်တော်တို့ အသက်တာထဲမှာရှိတဲ့ အကျင့်ဆိုးတွေ ပင်လျှင် မြင်တွေ့ရတာ များလာတဲ့အခါ လိုက်လုပ်မိတာ ဖြစ်တယ် ။ ထိုအရာတွေကို အသစ်ပြုပြင်ဖို့ရန် အတွက် နေ့စဉ် ကျမ်းစာဖတ်ခြင်း ၊ ဆုတောင်းခြင်း ၊ နူတ်ကပတ်တော်ခံယူခြင်း ၊ ဘုရားနဲ့ အချိန်ယူခြင်းအားဖြင့်ပဲ အသက်တာကို တဆင့်ပြီး တဆင့် ပြုပြင်သွားရမှာ ဖြစ်တယ် ။ 

ရိုးသားစွာ ဘုရားသခင်ရှေ့ကို ချည်းကပ်ပြီး မတတ်နိုင်တဲ့ အရာတွေ ယူသွားရအောင် ။ ဝိဥာဉ်တော်ဘုရားကပြုပြင်ပေးပြီး ကျွန်တော်တို့ရဲ့ အသက်တာကို တိုးတက်စေမှာ ဖြစ်တယ် ။ 

ဘုရားသခင်ဟာ မောရှေကို နှစ်ပေါင်း ၈၀ တိတိ စောင့်ဆိုင်းပြီးတော့ လူမျိုးကြီးတခုလုံးကို ဦးဆောင်ရန် အတွက် အသုံးပြုခဲ့တာ ဖြစ်တယ် ။ 

“ ယုံကြည်သူများ ကျွန်တော်တို့ အသက်တာမှာ ဘုရားသခင်က သင့်ကို အသုံးပြုချင်တယ်။ “ 

> ဆန္ဒမစောပဲ ဘုရားသခင်ရဲ့ အသံကို နားထောင်ဖို့ ဖြစ်တယ်။ မိတ်ဆွေ သင့်ရဲ့ ပြဿနာက ကျောက်တောင်လိုမာကျောနေရင်တောင် စိတ်ဓာတ်မကျပါနဲ့ ခရစ်တော်ကို အားကိုးခြင်း ၊ ဝိဥာဉ်တော်ရဲ့ မစခြင်း အားဖြင့် တဖြည်းဖြည်းရင့်ကျက် ပြီး သင့်ရဲ့ ပြသနာကို ဘုရားသခင်က ပြောင်းလဲသွားစေမှာ ဖြစ်တယ် ။ (ဟဗက္ကုတ် ၂:၃ )

#Ref From “ဆန္ဒမစောပါနှင့် ဘုရားရဲ့ အချိန်ကိုစောင့်ပါ” Sermon By Sayar Gideon