on 31 May 2021
လောကမှာ ရွေးချယ်မူတွေ အများကြီး လုပ်ကြပါတယ် ။ အရွေးမှားတဲ့အခါ နောက်ဆက်တွဲ ရလဒ် တွေ ရှိပါတယ် ။
အထူးသဖြင့် ထာဝရကာလအတွက် သင် ဘာရွေးထားပြီးပြီလဲ ?
-အပြစ်ရဲ့အခ သေခြင်းဖြစ်တဲ့အတွက် သေခြင်းကိုသွားရမှာ ဖြစ်သော်လည်း ယေရူခရစ်တော်အားဖြင့် ထာဝရ အသက် ရှင်ခြင်းကို ရွေးချယ်ခွင့်ရပါတယ် ။
-အသက်ရှင်ကျန်းမာပြီး စိတ်ဆုံးဖြတ်နိုင်ခွင့် ရှိတုန်းမှာ သခင်ယေရူကို အသက်သခင် ကယ်တင်ရှင်အဖြစ် ရွေးချယ်ပါ ။
-သင်ယုံကြည်လျှင် သင်နှင့် အိမ်သူအိမ်သားတွေ ကယ်တင်ခြင်း ရောက်မယ်လို့ နူတ်ကပတ်တော် ရှိသည့်အတိုင်း ကျွန်တော်တို ရွေးချယ်လိုက်တဲ့ လမ်းက သင်နဲ့ သင်ရဲ့ မျိုးနွယ် တစ်ခုလုံးအတွက် ဖြစ်တယ် ။
-ရုသဝတ္ထုမှာ နောမိက ချွေးမနှစ်ယောက်ဖြစ်တဲ့ ဩရပနဲ့ ရုသကို မိမိ အမျိုးသားထံ ပြန်သွားဖို့ ပြောခဲ့ပေမဲ့ ရုသကတော့ နောမိနောက်ကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲလိုရွေးချယ်လိုက်ခြင်းက ဘုရားသခင်ကို ရွေးချယ်မူဖြစ်တယ် ။
နောက်ဆုံးမှာ သခင်ယေရူလူ့ဇာတိခံယူတဲ့ မျိုးဆက်ဟာ ရုသကနေ ဆင်းသက်လာတာ ဖြစ်တယ် ။
ကျွန်တော်တို့ ဘဝအတွက် အသက်ရှင်ခြင်းတရားကို ဘယ်လိုရွေးချယ်မလဲ ?
(တရားဟောရာကျမ်း ၃၀:၂၀)
• ဘုရားသခင်ကို ချစ်ခြင်းအားဖြင့်
• ဘုရားသခင်ကို နာခံသော အားဖြင့်
• ဘုရားသခင် အထံတော်ဉ် မြဲမြံစွာ ဆပ်ကပ် အပ်နှံဆည်းပူးခြင်း အားဖြင့် အသက်ရှင်ခြင်းတရားကို ရွေးချယ် နိုင်ပါတယ်။
#Ref From “Life & Death” Sermon By Rev. Kairos Kim