on 07 Jun 2021
လောကအဖ နဲ့ ကောင်းကင်ဘုံရှင် အဖ
🔹ဧဖက်ဩဝါဒစာ ၆:၃ မှာ မိဘကို ရိုသေစွာပြုရင် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည်မယ် လို့ ကျမ်းစာက ဖော်ပြထားတယ်။
🔹လူတိုင်းမှာ မိဘမရှိဘဲ မွေးဖွားလာတဲ့သူ မရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အသက်တာမှာ မိဘကို ရိုသေစွာ ပြုခြင်းဖြင့် ကောင်းစားပြီး အသက်တာ ရှည်ဖို့ ဘုရားသခင်ဆီက အခွင့်အရေးတန်းတူရတာ ဖြစ်တယ် ။
🔹ကိုယ်မိဘက နုံချာပြီး ဆင်းရဲသည်ဖြစ်စေ၊ လှပ ချမ်းသာသည် ဖြစ်စေ မိဘကိုကြည့်တိုင်း ကျွန်တော် တို့ရဲ့ ကောင်းကြီးမင်္ဂလာ စီးဆင်းရာလမ်းကြောင်း ဖြစ်တယ်လို့ သိရမယ်။
🔸ဆက်လက်ပြီး ဧဖက်ဩဝါဒစာ ၆:၄ မှာ ကိုယ်သားသမီးကို ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့လို့
ကျမ်းစာမှာ ဖော်ပြထားတယ်။
🔸ဖခင်ဖြစ်သူများ ၊ ဖခင်ဖြစ်ဖို့ ရည်ရွယ်သူများ သခင်ဘုရားရဲ့ အလိုတော်ဘာလဲဆိုတာ မသိရင် မိမိရဲ့ သားသမီးကို ဆုံးမနိုင်မှာ မဟုတ်ပါဘူး။ထို့ကြောင့်နေ့တိုင်း ကျမ်းစာမှန်မှန်ဖတ်ပြီး ဒီကျမ်းစာတွေကို မိမိနှလုံးထဲမှာ သွင်းထားပါ။ ထာဝရဘုရားက ငါဟောပြောသော ထိုစကားကို သင်တို့သည်
ဟောပြော၍ သားသမီးတို့အား သွန်သင်ရမည်လို့ တရားဟောရာကျမ်း ၁၁:၁၉ မှာ ဖော်ပြထားပါတယ်။
နှုတ်ကပတ်တော်ကို သားသမီးတွေကို ပြောပြဖို့က မိဘတာဝန်ဖြစ်ပါတယ်။
🔹 ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံပုံကလဲ သားအဖ ဆက်ဆံတဲ့ပုံဖြစ်ရမယ်။ ဘုရားသခင်က ကျွန်တော်တို့ကို သိပ်ချစ်လို့ သားတော် ယေရူအား လောကကိုကြွလာစေတယ်။
‘‘ ယေရူ လူ့လောကကို လာရတဲ့ အဓိက အကြောင်းက ထိုယေရူကို ယုံကြည်လက်ခံသော သူရှိသမျှကို ဘုရားသခင်ရဲ့ သားသမီးဖြစ်ခွင့်ပေးဖို့ ကြွလာတာဖြစ်ပါ တယ်။ ’’
သင်ရဲ့ အကျင့်၊သီလ၊ ကောင်းမှုတစ်ခုမှမပါဘဲ
ယေရှုကို ယုံကြည်သောအားဖြင့် လက်ခံသောသူကို ဘုရားသားသမီး ဖြစ်ခွင့်ပေးတာ ဖြစ်ပါတယ်။
🔹သင်သည် သာမာန်လူမဟုတ်ဘူး။ ဘုရားသခင်ရဲ့သားတော် သခင်ယေရူကို ယုံကြည်လက်ခံသောကြောင့် သင်သည် ဘုရားသားဖြစ်ပါတယ်။
‘‘ မိတ်ဆွေ ယေရူကို လက်ခံပါ။ ယုံကြည်ပါ။ ဒါဆို ရင် သင်ဟာ ဘုရားသားသမီး ဖြစ်သွားတာ ဖြစ်ပါ တယ်။ ’’