Fix your blind spot (တနည်းအားဖြင့်တော့မမြင်နိုင်တဲ့အစက်ပြောက်) ရှင်းလင်းပြတ်သားစွာမြင်နိုင်ဖို့အလင်းတန်းအထူးလိုအပ်ပါသည်။ လေယျာဉ်ဆင်းသက်ရန် အနည်းဆုံး(၂)မိုင်ရှင်းလင်းစွာမြင်ဖို့လိုအပ်ပါသည်။ ခရီးတခုလုံခြုံစွာမောင်းနှင်နိုင်ရန် ကားရှေ့ ၊ နောက်ကြည့်ဖို့ကြည့်မှန်ရှိပါသည်။ အပိုတွေမဟုတ်ဘဲ ခရီးတခုလုံခြုံစွာမောင်းနှင်ဖို့တပ်ဆင်ပေးခြင်းဖြစ်သည်။ ယုံကြည်သူတွေအသက်တာတွင် ပန်းတိုင်ကိုပြတ်သားစွာမြင်နိုင်ရန် ဝိညာဉ်တော်၏ ဖွင့်ပြချက်တောင်းခံလိုအပ်ပါသည်။ ရှင်းစွာမြင်နိုင်မှရှေ့ကို သွားနိုင်နှုန်းမြန်ဆန်ပြီး လုံခြုံမှုရှိမည်ဖြစ်သည်။ ယုံကြည်သူ အသက်တာတွင် Blind Spot မမြင်ရသော အစက်ပျောက်များ ဟူသည်ကား စာတန်ရဲ့မာရ်နတ်၏ လှည့်ကွက်တခုပင်ဖြစ်သည်။ သူ၏ လှည့်ကွက်များအား ခရစ်တော် ယေရှုဘုရားက ဦးခေါင်းကိုခြေနဲ့နင်းခြေခဲ့ပြီး အောင်မြင်မှု ရယူပြီးသားဖြစ်ပေသည်။လုကာ ၄ :၁၈-၁၉
သခင်ယရှုကြွဆင်းလာခြင်းသည် ကြေမွသောနှလုံးသားတွေကုသရန်၊ ကန်းသူများအား ပြန်မြင်စေရန်ဖြစ်သည်။ကိုယ်တော်က ကာယပိုင်းသာကုသပေးခြင်းမဟုတ်ပဲ အတွင်းဝိညာဉ်ပိုင်းဆိုင်ရာ ပင်ကုသပေးဖို့ဖြစ်ပြီး၊ အသက်တာတွင် ထိုကောင်းကြီးပြည့်စုံစေရန်နှင့် ထားရှိသောပန်းတိုင်အောင်မြင်နိုင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့အထဲတွင် တန်ခိုးပါသောစိတ်၊ ရှင်းလင်းသောစိတ်၊ ချစ်တတ်သော စိတ်ကိုပေးထားပေသည်။ ဧဖက်၁:၁၆-၂၁
ယောသပ်ကဲ့သို့ လောကတွင် အထူးအောင်မြင်ခြင်းသည် ဉာဏ်မျက်စိပွင့်ခြင်းဖြစ်ပင်ဖြစ်သည်။ ထိုဉာဏ်မျက်စိပွင့်လာရန် ထိုဘုရားရှင်ကသာ ဖွင့်ပေးနိုင်ပေသည်။ ဧလိရှဲသည်လည်း ထိုကဲ့သို့ ဝိညာဉ်မျက်စိမြင်ခဲ့သောသူဖြစ်သည်။ ကျွနုပ်တို့တဖက်တွင် ရန်သူကဖျက်ဆီးရန် အသင့်ရှိနေသော်လည်း ဉာဏ်မျက်စိပွင့်လင်းဖို့ ဧလိရှဲကဲ့သို့ ဝိညာဉ်မျက်စိပွင့်နိုင်ရန်လိုသည်။ လောကတွင် မမြင်နိုင်အောင်မှောင်မိုက်နေ သော်လည်း ဉာဏ်မျက်စိပွင့်လာနိုင်မည်ဖြစ်သည်။ ရှောလ ဓမ္မသက်မြို့သွားစဉ် မျက်စိကန်းခဲ့ကာ အာနနိဆုတောင်းခြင်းမြင်မျက်ပင်မကဝိညာဉ်မျက်စိပွင့်ပြီး ဘုရားအသုံးပြုခဲ့သည်။ အာဗြံဟန်နည်းတူယုံကြည်ခြင်းဝိညာဉ်နဲ့များများကြည့်မြင်လိုက်ပါ။ ဇာတိအားဖြင့်တော့မဖြစ်နိုင်သော်လည်း ဘုရားပေးချင်သောအရာများအား ဝိညာဏ်အထဲမှကြည့်မြင်လိုက်ပါ။
Massage of God -Pastor Kairos Kim