on 18 Apr 2021
Jesus Is The Only Right Foundation The only one Savior's The only one Lord, The only one king of kings is Lord.The only one salvation is come from the Lord Jesus Christ.
Design -ကျွန်ုပ်တို့ပြောနေတဲ့စကားတွေ ကျွန်ုပ်တို့ လုပ်ဆောင်မူှတခုချင်းစီတိုင်း ကျွန်ုပ်တို့ရဲ့အသက်ရှင်နေထိုင်ပုံ တွေ က ခရစ်တော်ထဲကနေ ပြောလာမယ် ခရစ်တော်ထဲကနေ လုပ်ဆောင်မယ် ခရစ်တော်ထဲကနေ ရှင်သန်နေထိုင်မယ်ဆိုရင် လူတွေ အတွက် ထိမိ၍ တည်ဆောက်စရာ ဖြစ်လာနိုုင်ပါတယ်။
ခရစ်တော်ထံမှ စစ်မှန်တဲ့ နှလုံးသားနဲ့ အရာခပ်သိမ်းကိုအစပြုလာသောအခါ ဘုရားသခင်နှစ်သက်လက်ခံဖို့ရာ ဖြစ်လာပါတယ်။
မိတ်ဆွေတို့ရဲ့ပေးကမ်းခြင်းဟာ ဘယ်လောက်ပဲကြီးမားများပြားနေပါစေ ခရစ်တော်ထဲကနေ စစ်မှန်တဲ့နှလုံးသားနဲ့ မပေးဘူးဆိုရင် အဖခမည်းတော်ဆီမရောက်ပါဘူး။ ကောင်းတဲ့အကျင့်တွေကို ကျင့်ဆောင်ရာမှာ ခရစ်တော်ထဲကနေ မကျင့်ရင် ခမည်းတော်က လက်မခံပါဘူး ။ကျွန်ုတို့ အသက်တာမှာ ပန်းတိုင်ရှိဖို့လိုအပ်တယ် မိတ်ဆွေ ပန်းတိုင်မရှိတဲ့သူက ဒီဇိုင်းမဆွဲပဲ အိမ်ဆောက်ဖို့လုပ်နေတာနဲ့တူတူပါပဲ။ ဒီဇိုင်းကောင်းကောင်းဆွဲနိုင်မှသာလျှင် အိမ်ကောင်းကောင်းဆောက်နိုင်မှာဖြစ်ပါတယ်။
Have The Right Foundation
မသဲရ:၂၄-၂၇ ထဲမှာ ယေရူှသာလျှင် မှန်သောအုတ်မြစ်ဖြစ်တယ်။ ကျောက်ပေါ်မှာ အိမ်ဆောက် မယ် ဆိုရင် ကျွန်ုပ်တို့ရဲ့ချွေးတွေ ၊ စိုက်ပျိုးခြင်းတွေ၊ အချိန်နာရီတွေ၊လုံ့လဝီရိယတွေ၊အားထည့်မူှတွေ အရင်ဆုံးလိုအပ်တာဖြစ်တယ် ။ မှန်ကန်တဲ့foundation မချပဲနဲ့တော့ ဘာလုပ်လုပ် မိတ်ဆွေမအောင်မြင်ပါဘူး။
ဒါကြောင့်လုပ်သမျှအောင်မြင်မူှရရချင်ရင် foundation ဖြစ်တဲ့ ယေရှုဆီကသာ အစပြုဖို့ လိုပါတယ်။ နုှတ်ကပတ်တော်ကိုဖတ်ပြီး လိုက်လျှောက်မှသာ ကျောက်ပေါ်မှာ အိမ်ဆောက်ဖို့ လွယ်မှာပါ။ဘယ်အရာရာပဲ လုပ်လုပ် ခရစ်တော် ဖြစ်တဲ့ foundation မှသာ အစပြုရင် အရာရာ တိုင်းမှာ အောင်မြင်မှာဖြစ်တယ်မိတ်ဆွေ။
Framing
ဆာလံ၁၀၃:၁၂ဘာမှမဟုတ်တဲ့ ကျွန်ုပ် တို့ကို ဘုရားသခင်က form လုပ်ထားတာ ဖြစ်တယ် ။ဘုရားသခင်က သူနှင့် ပုံသဏ္ဍန်တူဖွဲ့စည်းထားတာဖြစ်တယ်မိတ်ဆွေ.။ ကျွန်ုပ်တို့က ဖုန်မူှန့်တွေပဲ ဆိုတာ ဘုရားက အသိပေးထားတယ်။ဘာမှမဟုတ်တဲ့
ကျွန်တော်တို့ကို ပုံဖော် ထားတဲ့ဖန်ဆင်းရှင်ဆီကို ပြန်သွားခွင့်ရတာ ခရစ်တော်ကြောင့်သာဖြစ်တယ်.အရင်က အပြစ်သားအမျိုးဖြစ်ပေမဲ့ ခရစ်တော်အားဖြင့် ဘုရားရဲ့ ပုံသဏ္ဍန်နဲ့ ညီသောသူတွေ ဖြစ်လာတယ်။
Decoration -ရောမ၁၂:၁-၂.အပေါ်မှာ ဖွင့်ပြထားတဲ့ stage တွေမရှိပဲနဲ့တော့ Decoration လုပ်တယ်ဆိုရင်တော့ လေတိုက်တဲ့အခါမှာ လွှင့်သွားမဲ့ အရာတွေ ပျောက်ပျက်သွားမဲ့ အရာတွေနဲ့တူတယ် မိတ်ဆွေ။အပြင်ပိုင်းဖြစ်တဲ့ အလှအပတွေကို
အရမ်းကြီးအားမထားပါနဲ့။အထဲကဖြစ်တဲ့ Jesus foundation ကို အလေးထားပီး တည်ဆောက်မှသာလျှင် မိတ်ဆွေနှင့်ကျွန်ုပ်ဟာ ခရစ်တော်ထဲကနေ ဖော်ဆောင်လာတယ်ဆိုတာ လူတွေမြင်လာပီး ဘုရားသခင်က သင့်နှင့်ကျွန်ုပ်ကို သာ၍ ချီးမြှောက်လာမှာဖြစ်တယ်။
ခရစ်တော်ဟာ ဘယ်တော့အခါမှ မယိုင်မလဲ တည်ကြည်သော foundation ဖြစ်တယ် မိတ်ဆွေ.... ခရစ်တော်ဖြစ်တဲ့ အခြေခံအုတ်မြစ်ကို သင်နှင့်ကျွန်ုပ်ရဲ့အသက်တာ ထဲမှာ အရင်ဦးဆုံးတည်ဆောက်မယ်ဆိုရင် လှပတဲ့ အဆောက်အအုံ( အနာဂဏ် )ကို ဘုရားသခင်ကတာဝန်ယူ ပြင်ဆင်ပေးမှာဖြစ်တယ်။