on 21 May 2021
ကျွန်တော်တို့တတွေဟာမွေးကတည်းကကြိးုစားစရာမလိုပဲ ဘုရားသခင်ပေးပြီးသားခွန်အားတွေပါလာကြတယ်။
ထိုအရာတွေကိုကိုယ့်ခွန်အားလို့ထင်မိတတ်ကြတယ်
ဘုရားသခင်ကကျွန်တော်အယောက်စီတိုင်းကိုတတ်စွမ်းနိုင်သောခွန်အား/အတတ်ပညာတွေကို
သိပ်ကြိုးစားစရာမလ်ုပဲတိုက်ရိုက်/လုပ်နိုင်သောခွန်အားမျိုးစေ့တွေကိုထည့်ထားပေးပြီးသားပါ။
တခါတလေမသိလိုက်တဲ့အချိန်ကိုယ့်ခွန်အားနဲ့လုပ်နိုင်တယ်လို့ထင်လိုက်မိတတ်တယ်။
ဒီနေ့ သင့်အသက်သာထဲမှာထိုအရမ်းလှပတဲ့အတတ်ပညာတွေကို ကျွန်ုပ်တို့အတွက်ဘုရားသခင်ကပေးထားတယ်။
ဘုရားကစေခိုင်းလာရင်သူ့တာဝန်သူယူမှာဖြစ်တယ်။ ကျွန်တော်တို့ခွန်အားနဲ့ဆိုရင်တော့စာတန်အနိုင်ယူမှာဖြစ်တယ်။
သို့သော်ကိုယ်တော်ဘုရားရဲ့ခွန်အားနဲ့ဆိုရင်လို့ဝန်ခံပြီးလုပ်ဆောင်ရင်အောင်မြင်မှုရရှိမှာဖြစ်သည်။အာမင်
ဆာလံ ၁၈:၁-၂ မှာ ဆာလံ ဆရာရဲ့ဆုတောင်းချက်က အို ထာဝရဘုရား၊ အကျွနု်ပ်၏ ခွန်အား ဗလတည်းဟူသော ကိုယ်တော်ကို အကျွနု်ပ်ချစ်ပါ၏။ထာဝရဘု ရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး ငါ့ကို ကယ်လွှတ်သော သခင်၊ ငါ၏ဘုရား ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ ငါ့ကို ကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏ ကိုယ့်အနားကသူ့တွေရဲ့ဆုတောင်းချက်တွေကိုပဲနားထောင်ပေး/
ကိုယ့်အနားကသူ့တွေရဲပြဿနာတွေပဲဖြေရှင်းပေး/
ကိုယ့်အနားကသူ့တွေရဲ အနာတွေကိုပဲငြိမ်းစေသောဘုရားမဟုတ်ဘဲ
သင့်အတွက်လည်းတတ်နိုင်သောဘုရားသခင်ဖြစ်တယ်။ အာမင်
သင်ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကိုအားကိုးပြီး တချိန်လုံးကြိုးစားလုပ်ဆောင်နေရင်တော့ တနေ့သင်ပင်ပန်းလာလိမ်မယ့်။
ဒီနေ့ဘုရားသခင်ကကျွန်တေ်ာတို့ကို ကောင်းကြီးတွေပေးထားတယ်မိသားစုတွေ/အလုပ်တွေ/ဝင်ငွေတွေ
ထိုအရာကိုမိမိကြိုးစားလို့ရတယ်လို့ထင်ရင်တော့တနေ့စာတန်ကဖျက်ဆီးဖို့လာလိမ့်မယ်။
သို့သော် ထို့အရာတွေဟာကိုယ်တော်အားဖြင့်သာလို့သင်ဝန်ခံရင်လုပ်ဆောင်ရင်တော့ စာတန်ဖျက်ဆီးလို့မရဘူးလေပိုင်ရှင်ဖြစ်တဲ့ကိုယ်တော် ကွယ်ကာပေးလိမ့်မယ်။
သင်ပိုင်ဆိုင်ထားတဲ့အရာတွေကိုဘုရားအတွက်ပဲအသုံးပြုပါ။
သင့်လုပ်ဆောင်နိုင်တဲ့အရာတချို့ရှိကိုရှိမှာဖြစ်တယ်။
တရားသူကြီးမှတ်စာ အခန်းကြီး 16 ထဲက ရံှဆုန်ရဲ့အသက်တာကိုကြည့်ရင်ရှံဆုန်ကိုသူ့ခွန်အားကဘယ်ကလာလေးလို့မေးလိုက်တော့ငါ့ဆံပင်ကိုရိတ်ရင် ငါ့ခွန်အားလျော့လိမ့်မယ်လို့သူ့ဝန်ခံလိုက်တဲ့အတိုင်း့ထိုခဏချင်းမှာ စာတန်နေရာယူပြီးသူ့ယုံကြည်ဝန်ခံထားတဲ့အတိုင်းဖြစ်သွားခဲ့တယ်။ သူ့မှာခွန်အားတွေကုန်ဆုံးသွားခဲ့ရတယ်။
ထိုနေရာမှာ ရှံဆုန်ဟာ ငါ့ခွန်အားတွေကဘုရားသခင်ဆီကလာတယ်လို့သူ့ပြောလိုက်ရင်သူ့ခွန်အားတွေမလျော့ဘဲ ရန်သူကို အနိုင်တိုက်နိုင်လိမ့်မယ်။
စာတန်ကကျွန်တော်တို့ကိုဖျက်ဆီးဖို့ အမြဲကြံစည်နေမှာပဲ ။
ဒါကြောင့်ကျွန်ပ်တို့ပြန်လည်စဉ်စားရအောင်။
သင်လေးလံနေရင်ဘယ်သူ့ခွန်အားနဲ့ သင်ဖြေရှင်းပြီးရှောက်လှမ်းမှာလဲ?
Ref: “God is my strength” "ထာဝရဘုရားသည်ငါ့၏ခွန်အား"
Pastor Sangpi (HWC)
Full Message of God at Below Links:
https://www.facebook.com/HICHallelujahInternationalChurch/videos/1463276327073445/?sfnsn=mo