"Estimate the cost before you start the next level" By Rev. Ruth Khawm

on 04 May 2021

ဘုရားနောက်ကိုလိုက်ဖို့ ဆုံးဖြတ်ချက်ချတာဟာ သိပ်လွယ်ပါတယ်မိတ်ဆွေ။ ဘုရားနောက်ကိုတကယ်လက်တွေ့ လိုက်လျှောက်တော့မယ်ဆိုရင် "ဘယ်လိုလမ်းခရီးတွေကိုဖြတ်လျှောက်ရမလဲ။ အဆုံးမှာ ဘယ်လိုအကျိုးအမြတ်တွေကိုရမလဲ" ဆိုတာ သိဖို့ ဘုရားသခင်နဲ့အချိန်ယူ ဆက်ကပ် တွက်ချက် တွက်ဆပြီး လုပ်ဆောင်မှသာ သာ၍ အကျိုးရှိတာဖြစ်တယ်။ သာ၍ ကောင်းကြီးရတာဖြစ်တယ် မိတ်ဆွေ။


လုကာ၁၄:၂၅-၃၅ 
တခါတလေ ဘုရား အသုံးပြုတာကို အရမ်းလိုချင်ပါရက်နဲ့့ ၊ ဘုရားနောက်ကို လိုက်ချင်ပါရက်နဲ့. . . လောကအရာတွေကို မစွန့်လွတ်နိုင်တဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ 

ဒါကြောင့် ကိုယ်တော်ကပြောတယ် "အကြင်သူသည် မိမိလက်ဝါးကားတိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက် ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ " ဘုရားနောက်လိုက်လို့ စွန့်လွတ်ရတာတွေအတွက် ဘုရားက သူ့ရဲ့ဂတိတော်နဲ့ ကောင်းကြီးပေးဖို့စောင့်နေတဲ့ အရှင်ဖြစ်တယ်မိတ်ဆွေ။ 
မသဲ ၂၃:၄ မှာ ကျွန်ုပ်တို့တွေက တခါတလေမှာ တစ်ဖက်လူကို "ဟိုဟာမလုပ်နဲ့ ဟိုလိုမလုပ်နဲ့ ဒီလိုလုပ်"ဆိုပြီး ပြောဖို့အရမ်းလွယ်ပါတယ်။ ဒါပေမဲ့တစ်ကယ့်တစ်ကယ်လက်တွေ့မှာ ကျွန်မတို့ကိုယ်တိုင်ကအစ လက်တွေ့လုပ်ဆောင်ကျင့်သုံးပြီး စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့လျှောက်လှမ်းဖို့အရေးကြီးပါတယ်။



လုူတွေရှေ့မှာ လုပ်ဆောင်နေတဲ့ အရာတွေဟာ ဟန်ဆောင်မူှ သက်သက်သာဖြစ်တယ်။ ကျွနိုပ်တို့ရဲ့အတွင်းနှလုံးသားထဲကနာကျဉ်းမူှတွေ၊ ကြေကွဲတာတွေကို ကိုယ်တော်မြင်တယ်။ ကိုယ်တေ

သိတယ် ။ ဒါကြောင့်မို့ ကိုယ်တော် က
"ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည်ချမ်းသာပေးမယ်။"လို့ မသဲ ၁၂:၂၈ မှာပြောထားတယ်
။ ဘုရားသခင်နောက်လိုက်တဲ့ အခါ ခါးသီးမူှတွေ နာကျည်းမူှတွေ လေးလံနေတယ်လို့ထင်နေပေမဲ့လည်း ဘုရားရဲ့အလိုတော်ကို ဝန်ခံတတ်ဖို့ သိပ်အရေးကြီးတယ် မိတ်ဆွေ။ 

"အရမ်းနာကျဉ်တယ်ကိုယ်တော်။ သိုသော်လည်း ကိုယ်တေ်ာ့နောက်ကိုပဲဆက်လိုက်ဦးမယ်...အရမ်းခါးသီးတယ်ကိုယ်တော်။ သို့ပေမဲ့ ကိုယ်တော်တိုက်ရင် ဆက်သောက်ပါ့မယ်။" ဆိုပြီးအလိုတော်ကို

ဝန်ခံတတ်ခြင်းအားဖြင့် ဘုရားအလိုတော်ကိုလိုက်လျှောက်နိုင်မှာဖြစ်တယ်။ 
ယုံကြည်သူသားသမီးတွေက ဘုရားသခင်​ ရဲ့ကောင်းကင်နိုင်ငံသားတွေဖြစ်တဲ့အတွက် ဘုရားရဲ့နည်းဥပဒေသကိုခံယူတတ်ဖို့ လိုပါတယ်။

ရွေးချယ်မူှတိုင်းမှာ ဘုရားသခင်ကို နံပတ်တစ်ထားဖို့လိုတယ်။ သင့်လုပ်ဆောင်မူှတိုင်းမှာ ဘုရားကို နံပတ်တစ်နေရာပေး ခြင်းအားဖြင့် အလင်းမှာ ကျင်လည်ပြီး မေတ္တာဖြစ်တဲ့ ဘုရားနဲ့ လျှောက်လှမ်းတတ်လာမယ် ... ကိုယ်မနိုင်တဲ့ဝန်ကို ဘုရားက ဘယ်တော့မှမပေးပါဘူး။ ပေးတယ်လို့ထင်ခဲ့ရင်တောင် လေးလံတဲ့ဝန်တွေကိုချပီး သူနဲ့အချိန်ယူဖို့ ဘုရားကခေါ်ဆောင်နေတာဖြစ်တယ်။ သူ့ရင်ခွင်မှာ

အေးဆေးအနားယူပီးမှ နောက်ခြေလှမ်းတွေကို စဖို့ အသစ်သော ခွန်အားတွေနဲ သင့်ကိုအားပြည့်စေမှာဖြစ်တယ်။ 

ဒါကြောင့် ဘုရားသခင်​က သင်နဲ့ကျွန်ုပ်ကို အသစ်သော ခြေလှမ်းတွေကို အစမပြုခင်မှာ သူနဲ့အချိန်ပေးစေချင်တယ်။ သူ့ရဲ့အသံကို ကြားစေချင်တယ်။ သူ့အလိုတော်ကိုသိစေချင်တယ်။ 

သူ့ရဲ့နည်းဥပဒေသနဲ့ လျှောက်လှမ်းစေချင်တယ်။ 


ဘယ်အရာမဆို ဘုရားသခင်နဲ့ အစပြုကြရအောင်လား မိတ်ဆွေ။

By Rev. Ruth Khawm