Yes or No ? By Pastor Sangpi

on 03 Apr 2021

Yes (or) No ဟူသောအဖြေ(သို ့)ဆုံးဖြတ်ချက်သည်လူတိုင်းမဖြစ်မနေကြုံတွေ ့ဖြတ်ကျော်ရသောအရာတစ်ခုဖြစ်သည်။အထူးသဖြင့် ဝေငှချက်၌”အကန် ့သတ်များကိုချိုးဖောက်ခြင်း”ဆိုသောဝန်ခံချက်အပေါ် Yes (or) No ဟူသောအဖြေ(သို ့)ဆုံးဖြတ်ချက်ဖြင့်ကျမ်းစာပါအထင်ကရ ပုဂ္ဂိုလ်များမည်ကဲ့သို ့လုပ်ဆောင်သွားသည်ကိုဝေငှပေးလိုသည်။


“အကန် ့သတ်များကိုချိုးဖောက်ခြင်း”ဟုဆိုရာ၌မိမိရမည့်ကောင်းကြီး၊ရပိုင်ခွင့်များကိုအကန် ့သတ်မရှိရရှိမည်ဟူသောရယူလိုခြင်းတစ်ဘက် တည်းမှဆုံးဖြတ်ရမည်မဟုတ်ပဲ အခြားတစ်ဘက်မှာလည်းအကန် ့အသတ်မရှိကောင်းကြီးများကိုပေးပိုင်သော ဘုရားရှင်စေခိုင်းမှုမှန်သမျှကို ”Yes”ဟုဖြေပြီးလုပ်ဆောင်ပေးရမည့်အရာတချို ့ကို ဒါတော့မဖြစ်နိုင်ဘူး၊မလုပ်နိုင်ဘူးဆိုပြီးကန် ့သတ်ခဲ့သောအရာတချိုကိုလည်းချိုးဖောက်ရမည်ဖြစ်ပါသည်။ ဥပမာ-ဆုတောင်းခြင်း၊ကျမ်းစာဖတ်ခြင်း၊ချစ်ခြင်း၊ယုံကြည်ခြင်းမှစ၍အလိုတော်ရှိသောအရာများပါဝင်သည်။


မောရှေအသက်တာ၌ချုံပုတ်မီးလောင်၍ချုံမကျွမ်းသွားသည်ကိုမြင်သောအခါလှည့်ထွက်မသွားပဲခြေနင်းကိုချွတ်လျက်ရှေ ့ဆက်သွားစဉ်ဘုရားအသံတော်ဖြင့်ဣသရေလလူများကိုကယ်ထုတ်ရန်ခိုင်းစေမှုအပေါ် ငြင်ဆန်ချင်စရာ၊မတတ်နို်င်စရာအခြေနေမြေက်များစွာထဲကမှနောက်ဆုံးဘုရားအလိုတော်ကို “Yes” ဟုဝန်ခံလုပ်ဆောင်သကဲ့သို ့ဂိဒေါင်၏အသက်တာ၌လည်းရန်သူအဖြင့်မခံဝံ့၊ကြောက်ရွံ ့စွာပုန်းကွယ်၍စပါးနင်းနယ်ရာမှဘုရားသခင်၏ရန်သူကိုဦးဆောင်တိုက်ခိုက်ရန်ခိုင်းစေမှုအပေါ် “Yes” လို ့ဝန်ခံလျက်လုပ်ဆောင်ခဲ ့သောထိုသူတို ့၏အသက်တာသည်လှပသောသမိုင်းကို ရေးခဲ့သူများအဖြစ်ဘုရားသခင်၏အကန် ့သတ်မဲ့ကောင်းကြီးများကိုရရှိခဲ့သူများဖြစ်သည်။



ယောရှုနှင့်ကာလက်၏အသက်တာ၌လည်းသူတို ့နှစ်ဦးနှင့်အတူခါနာန်ပြည်ကိုသွားရောက်စူးစမ််ခဲ့ကြသောအခြားဆယ်ဦးဣသရေလူများစု ကခါနန်ပြည်၏လူအင်အား၊အခြေနေသာလွန်မှုအပေါ်ကြောက်ရွံ ့စတ်ဖြင့်ဘုရားသခင်၏ခါနန်ပြည်ကိုသိမ်းပိုက်ရန်ခိုင်းစေမှုအပေါ် “ No” ဟူသော အဖြေဖြင့်ငြင်းပယ်ခဲ့ကြသော်လည်း ယောရှုနှင့်ကာလက်သည်ဘုရားသခင်၏ဂတိတော်ကိုယုံကြည်လျက် “Yes” ဟုသဘောတူလျက်အဖြေပေးခဲ့ကြ သောကြောင့်နို ့နှင့်ပျားရည်စီးသောခါနန်ပြည်သည်ထိုသူတို ့အဖို ့ဖြစ်ခဲ့ရပါသည်။ကျန်အချင်းအရာနှင့်ပတ်သက်၍ဘုရားသခင်ကတောလည်ရာ

၁၄း၂၄ ၌“ငါ့ကျွန်ကာလက်မူကားထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံးလိုက်သောကြောင့်သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်း

သဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။”ဟုဆိုထားပါသည်။ထို ့ကြောင့်ဘုရားသခင်၏ခိုင်းစေမှုအပေါ်“Yes” ဟုအဖြေပေးရာ၌ ကာ လက်ကဲ့သို ့ ထူးခြားသောသဘော၊(အများနှင့်မတူဘုရားဂတိကိုသာယုံကြည်သောသဘော)၊နောက်တော်သို ့လုံးလုံးလျားလျား လိုက်ခြင်း ဖြင့် ကောင်းကြီးကိုမြင်ခဲ့ယုံလောက်မဟုတ်တော့ပဲခံစားသိမ်းပိုက်ရမှာဖြစ်ပါသည်။

ထိုနည်းတူဒါဝိဒ်သည်လည်းလူအများကြောက်ရွံ ့လျက်မတိုက်ခိုက်ဝံ့ဘဲနေရသောဂေါလျတ်အားဘုရားသခင်နှင့်သဘောတူလျက် “ Yes”ဟုဆုံးဖြတ်ပြီးထွက်၍်မည်သူတစ်ဦးတစ်ယောက်၏ဝတ်စုံ၊လက်နက်ကိုမျှမယူပဲလျက်မိမိကိုယ်ပိုင်ဝတ်စုံ၊လက်နက်ဖြင့်ဘုရားသခင်၏နာမပါလျက်တိုက်ခိုက်ခဲ့သောကြောင့်အောင်မြင်မှုနှင့်အတူအကန် ့သတ်မဲ့သောကောင်းကြီးများကိုခံစားခွင့်ရခဲ့သူအဖြစ်ယနေ ့တိုင်သမိုင်းတွင်ကျန်ခဲ့ရသူဖြစ်ပါသည်။


ဤအချင်းအရာအားဖြင့်လူသားတိုင်းနှင့်မိမိနှင့်တော်လျော်သောအောင်မြင်ခြင်းဝတ်စုံကိုစီရှိကြောင်းတွေ ့ရပါသည်။ သင်နှင့်ကျနု်ပ်လည်းဘုရားသခင်၏ခိုင်းစေမှု(သို ့)အလိုတော်ကိုလုပ်ဆောင်ရန် “Yes” ဟုအဖြေပေး၊ဆုံးဖြတ်ရာ၌အားငယ်စရာ၊အတိုက် အခိုက်ခံစရာအခြေနေများရှိကောင်းရှိနိုင်သော်လည်း ယောရှု ၁း၉ ၌ “သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏” ဟူ၍ဘုရားသခင်သည်ယောရှုနှင့်အတူရှိနေသကဲ့သို ့သင်နှင့်ကျနု်ပ်နှင့်လည်းအတူရှိနေပါသည်။


ဘုရားသခင်သည်ကျန်ုပ်တို ့၏တတ်နိုင်ခြင်း၊အရည်အချင်းကိုမကြည့်ပဲသူ၏ဘုရားဖြစ်ခြင်း၊တတ်နိုင်ခြင်းဖြင့် ကျနိုပ်တို ့ကို “Yes” လို ့အစဉ်ထောက်ခံအတူရှိနေသကဲ့သို ့ကျန်ုပ်တို ့လည်းဘုရားသခင်၏ခိုင်းစေမှုအလိုတော်များကို “Yes” လို ့အဖြေပေးလက်တွေ ့လုပ်ဆောင်ခြင်းဖြင့် အကန် ့ အသတ်များကိုချိုးဖောက်လျှက်ဘုရားသခင်ထံမှ တိုက်ရိုက်သောအကန် ့အသတ်မဲ့ကောင်းကြီးများကိုရယူကြပါစို ့။



#Pastor Sang Pi ၏နှုတ်ကပတ်တော်ဝေငှချက်မှပြန်လည်ကောက်နုတ်ခြင်းဖြစ်သည်။