Blessed Quotes By Pastor Sangpi

on 09 May 2021

1. အသင်းတော် ဆိုတာ အပျော်စီးသင်္ဘော မဟုတ်ပါ မပျော်တဲ့ချိန်မှ စီးဖို့လဲ မဟုတ်ပါ


2.တောင်းသောအရာနှင့်ကောင်းသောအရာ-


" ဘုရားက ဆုတောင်းခိုင်းတဲ့အတွက်  တောင်းရမယ်။ ဒါပေမဲ့ ဘုရားကတောင်းတာထက် မိတ်ဆွေအတွက် ကောင်းတာကိုပေးတဲ့ဘုရားဖြစ်တယ် " 



3. " ရွေးချယ်မှု  "


လူတွေက ကိုယ့်ဘဝတွက် အရေးကြီးတယ် လို့သတ်မှတ်တဲ့အရာတွေကို နေတိုင်းရွေးချယ်နေကြပါတယ် !! 


ဒီနေ့..သင် နဲ့ ကျွန်ုပ်လက်ထဲမှာရှိနေတာ/ရနေတာတော်တော်များများ ဟာ မနေ့က သင်နဲ့ ကျွန်ုပ်ဆုံးဖြတ်ရွေးချယ် ထားတဲ့အရာတွေပါ...


ဒါကြောင့် မနက်ဖြန် ဘာတွေကိုယ့်ဘဝမှာရှိစေချင်လဲ..?? 


ဒီနေ့ဆုံးဖြတ် ရွေးချယ်မှု မှန်ကန်ပါစေ !! 



4.ဇွဲမလျှော့, လက်မလျှော့ပဲ လုပ်ဆောင်ရမယ့် အရာတချို့ကို...လက်မလျှော့ပဲ ဆက်လုပ်ပြီး...ဆက်မကြိုးစားတော့ပဲ ..လက်လျှော့ရမယ့်အရာတချို့ကိုလဲ....


လက်လျှော့တတ်ဖို့ လေ့ကျင့်ပါ .. အဲ့တာက ရှုုံးနိမ့်ခြင်း မဟုတ်ပဲ မှန်ကန်စွာ ပိုင်းခြား ဆုံးဖြတ်တတ်ခြင်းသာ ဖြစ်ပါတယ် ! 



5.လူတွေ ...သင့်ကိုလက်မခံတာ.မကောင်းပြောတာဆွဲချတာ ...... တွေထက် သင့်ကိုယ်သင်....လက်မခံတာ အကောင်းမမြင်တာ ဆွဲချတာတွေက ပိုပြီး ကြောက်ဖို့ကောင်းတယ် ! 


ယုံကြည်ခြင်းနဲ့ ဝန်ခံလိုက်ပါ ...ငါဟာ...ယေရှုခရစ်တော်အားဖြင့်  ကောင်းကြီးခံစားရသောသူဖြစ်တယ် အောင်မြင်သောသူဖြစ်တယ်မျက်နှာသာ ရသောသူဖြစ်တယ် !! 


!! သင့်ကိုယ်သင် လက်ခံ သလောက် သင့်ဘဝမှာ လက်တွေ့ ခံစားရမယ် !! 


6. လောကမှာ..တန်ဖိုးအရှိဆုံးလို့..သတ်မှတ်ထားတဲ့ အရာတစ်ခု... မကြာခင်..သူ့ထက်တန်ဖိုးကြီးတာ..ပေါ်လာအုံးမည်သာ...

လောကမှာ...ကိုယ့်ပေါ်အကောင်းဆုံး..အချစ် ဆုံးလို့ ထင်ထားတဲ့ လူတွေလဲ......ပြောင်းလဲတတ်ပါတယ်...

ဒါကြောင့်...ပေတရုကို..သခင်ယေရှုက.. တခြားအရာမမေးပဲ...."ငါ့ကိုချစ်လား" ဆိုတဲ့ စကားလေးပဲ မေးခဲ့တာပါ..

လောကရဲ့..အကောင်းဆုံး...တန်ဖိုးအရှိဆုံးလို့ ကိုယ်သတ်မှတ်ထားတဲ့.ရွှေ,ငွေ,ရာထူး....အားလုံး အားလုံး ထက်

"ကိုယ်တော့်ကို ချစ်တယ် " လို့ နှလုံးသားထဲက ပြောကြရအောင် !! 




#Pastor Sangpi ၏ တရားဒေသနာများမှ ကောက်နုတ်ချက်