on 31 May 2021
> ပညာဆိုတာ အမျိုးမျိုးရှိတယ် ။ငယ်သော အရွယ်မှ ဘွဲ့တွေရသည်အထိ သင်ယူရတယ် ။ တဖက်က ပြန်ကြည့်လျှင် သင်စရာမလိုပဲ အလိုလိုတတ်နေသော သီချင်းဆို/ ရေး , လက်သမားအတတ် စသည်ဖြင့် တတ်မြောက်သော ပညာလဲ ရှိပါတယ်။
ဟဗက္ကုတ် ၂:၃
> ပညာရဲ့ အချုပ်အခြာက ဘုရားသခင် ဖြစ်တယ် ။
ဘုရားထဲကနေပဲ ပညာဆိုတဲ့ အရာအားလုံးထွက်လာတာ ဖြစ်တယ် ။ ဘုရားသခင်က သူ့ရဲ့ ပုံသဏ္ဍာန်တော် နှင့်အညီ ဖန်းဆင်းထားသောကြောင့် ကျွန်မတို့အထဲမှာ သင်ရင်တတ်မြောက်နိုင်သော ပညာ ၊ မသင်သော်လည်း တချို့သော အရာတွေကို တတ်မြောက်နေသော ပညာတွေက ရှိပြီးသားဖြစ်တယ် ။
> ပညာရှိစွာ အသက်ရှင်တတ်မှသာ ပို၍ အဓိပ္ပာယ် ရှိပြီး ကောင်းကြီးဖြစ်စေမှာ ဖြစ်တယ်။
“ ပညာရှိဆိုတာ အနာဂတ်မှာ ကောင်းမွန်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ ယနေ့မှာ ကြိုမြင်ပြီး အသက်ရှင်တတ်သောသူဖြစ်တယ်။”
လာမဲ့ အနာဂတ်မှာ ကိုယ်လိုချင်တဲ့ နေ့ရက်တွေကို ယနေ့မှာ မြင်ယောင်ပြီးတော့ ထိုအရာ အတွက် အသက်ရှင်တတ်သောသူဟာ ပညာရှိဖြစ်တယ်။
> သုတ္တံကျမ်း ၆:၆ မှာ ကျမ်းစာက စပါးရိတ်ရာကာလမှာ မိမိစားစရာကို ရှာဖွေပြီးတော့ သိုထားတတ်သော, ကြိုတင်ပြင်ဆင်သော အသက်တာရှိတဲ့ ပုရွက်ဆိတ် ဆီမှ သင်ယူဖို့ မှတ်တမ်းတင်ထားတာ ဖြစ်တယ်။
သင်ရဲ့ အသက်တာမှာ အနာဂတ်ကို ကြိုမြင်ပြီး ကောင်းသော နေ့ရက်တွေ အတွက် ယနေ့မှာ ပြင်ဆင်သော အသက်တာ ရှိတယ် ဆိုရင် သင်ဟာ ဘုရားရဲ့ ပညာနဲ့ အသက်ရှင်သောသူ ဖြစ်တယ်။
ကောင်းသော အရာကိုသိပြီး ထိုသိသောအရာကို လုပ်ဆောင်ခြင်းသာ ပညာရှိစွာ အသက်ရှင်ခြင်း ဖြစ်တယ်။
#Ref From “အနာဂတ်အတွက် ယနေ့ အသက်ရှင်ပါ ။” Sermon By Rev. Ruth Khawm