on 04 May 2021
ရှင်ယုဒ ၁း၂၀-၂၁။ ။ ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဆုတောင်းပဌာနပြုလျက်၊ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့် ရှောက်၍ ထာဝရအသက်အလိုငှါ၊ ငါတို့သခင် ယေရှုခရစ်၏ ကရုဏာတော်ကို မြော်လင့်၍ နေကြလော့။ ၎င်းတို ့မှာ . . . ၁။တည်ဆောက်ခြင်း ၂။သန် ့ရှင်းသောဝိညာဉ်တော်အားဖြင့်ဆုတောင်းခြင်း ၃။ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ကိုယ့်ကိုကိုယ်တည်ဆောက်ခြင်း ၄။ထာဝရအသက်အလို ့ငှာသခင်ယေရှုခရစ်၏ကရုနာတော်ကိုမြှော်လင့်ခြင်း စသည်တို ့ဖြစ်သည်။
၁။တည်ဆောက်ခြင်း ။ ။ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ် သည်ထိုသူက ိုအားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင်အမိန့်တော်ရှိ၏။(ဟေဗြဲ ၁ဝး၃၈) ဖြောင့်မတ်သောသူ၏ အဓိကတာဝန်မှာ ယုံကြည်ခြင်းဖြင့်အသက်ရှင်ဖို ့ဖြစ်ပြီး ထိုယုံကြည်ခြင်းသည်လည်း ပျက်စီးခြင်းသို ့ရောက်နိုင်သောရွေ ့လျော့ခြင်းမရှိပဲ ဘုရားသခင်အားရနှစ်သက်သော တိုးတက် ခိုင်မာသော ယုံကြည် ခြင်းဖြစ်ရမည်။
ဖြောင့်မတ်ခြင်း ဆိုသည်မှာဘုရား၏သဘာဝ၊သဘောတရားဖြစ်ပြီး လူ ့အနေနဲ ့လုပ်ယူကြိုးစာ၍မရပဲထို ဖြောင့်မတ်ခြင်းအရှင်ကို ယုံကြည်လက်ခံသူသာ ဖြောင့်မတ်သူဖြစ်ခွင့်ရမည်ဖြစ်သည်။
ယုံကြည်ခြင်းဆိုသည်မှာလည်း ဘုရား၏ယုံကြည်ခြင်း(ယေရှုဘုရားအသက်စွန် ့ခြင်းအားဖြင်တပါးတည်း ပေးခဲ့သော)ဖြစ်သည်။ အာဗြဟံသည်လူမျိုးအများတို၏အဘဖြစ်မည်ဟုမျှော်လင့်နိုင်စရာအခြေအနေမရှိသော်လည်းဘုရားစကားကိုသာယုံကြည်လွန်းအားကြီးခြင်းမျိုးဖြစ်သည်။(ရောမ ၄း၁၈)
၂။သန် ့ရှင်းသောဝိညာဉ်တော်အားဖြင့်ဆုတောင်းခြင်း (ရောမ ၈း၂၆) မှာ ဝိညာဉ်တော်သည်လူတို ့မတတ်နိုင်သောအရာ(ကျမ်းစာဖတ်ဆုတောင်းခြင်းမှအစအလိုတော်နှင့်ညီသောအရာ) မစသောအားဖြင့် ဆုတောင်းသင့်သည့်အတိုင်း အဘယ ်ဆုတောင်း ရမည ်ဆိုသည ်ကိုနှုတ်မ မြွတ်နိုင်သော ညည်း တွားခြင်းအားဖြင့်မစသည်။အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော်သည်ဘုရားသခင်၏စိတ်သဘောကိုသိ၍ဘုရားသ ခင်သည်လည်းဝိညာဉ်တော်၏စိတ်သဘောကိုသိသောကြောင့်ထိုဝိညာဉ်တော်နှင့်ပူးပေါင်းလျက်(အကူညီတောင်းခံ) ဆုတောင်းရန်အထူးလိုအပ်ပါသည်။
၃။ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ကိုယ့်ကိုကိုယ်တည်ဆောက်ခြင်း ။ ။ ဒံယေလသည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်တည်ဆောက်လျက် ဘုရင်မှ တပါးအခြားသောလူ၊ ဘုရားကိုကိုးကွယ်ဆုတောင်းလျှင် ခြသေ့င်္တွင်းထဲချပစ်မည်ဟုအမိန် ့ထုတ် ချောက်ချခြင်းကို ခံရသော် လည်းဘုရား သခင်အားချီးမွမ်းမြဲချီမွမ်းလျှက်ဆုတောင်းမြဲဆုတောင်းလျှက်ဖြင့် အဆုံးတိုင်တည်ဆောက်သောကြောင့်ဘုရင်မှစ၍ အရပ်ရပ်၌ရှိသောလူအပေါင်းတို ့သည်ထာဝရဘုရားသခင်အားကြောက်ရွံ ့ရိုသေရသည ့်ဘုရား ဘုန်းထင်းရှာ းစေခဲ့ သော တည်ဆောက်ခြင်းမျိုးရှိရန်လိုအပ်သည်။
၄။ထာဝရအသက်အလို ့ငှာသခင်ယေရှုခရစ်၏ကရုနာတော်ကိုမြှော်လင့်ခြင်း စသည်တို ့ဖြစ်သည်။ သခင်ယေရှု၏ဂရုဏာမေတ္တာတော်ကိုဆာငတ်မြော်လင့်လျက်ဝိညာဉ်တော်ဘုရား၏မစသွန်းလောင်းမှုဖြင့်မေတ္တာတော်ကိုတောင်းခံရယူလျက်ထာဝရအသက်အလို ့ငှာစိတ်ဝိညာဉ် ကိုကယ်တင်သော ယုံကြည်ခြင်းဖြင့်အရ ယူရန်ဖြစ်သည်။ ဤနှုတ်ကပတ်တော်(တနည်းအားဖြင့်) သန် ့ရှင်းသောဝယုံကြည်ခြင်းမှစ၍ ယေရှုပေးခဲ့သောအရာတိုင်းကိုရယူရန်ဥပမာ တစ်ခုအားဖြင့် ကျွန်မအနေဖြင့် ဖြည့်စွတ်ဝေငှလိုပါသည်။ Buffet(ဘူဖေး)စားသောက်ပွဲ တွင်အစားအသောက်များစွာ ခင်းကျင်းထားသော်လည်း မိမိသွားယူစားသောက်သောအရာကိုသာစားရမှာဖြစ်သည်။ထို ့အတူယေရှုဘုရားအသက် စွန် ့ချစ်ခြင်း၌ မျိုးစုံသော ဆုကျေးဇူး (ယုံကြည်ခြင်း၊ချစ်ခြင်း၊အောင်မြင်ခြင်း၊ချမ်းသာခြင်း၊ကျန်းမာခြင်းမှစ၍) များစွာ ပေး ခဲ့ပြီးခင်းကျင်းပေးပြီးဖြစ်သော်လည်း စားသောက်လိုစိတ်(ဆာငတ်ခြင်း) ဖြင့် ယုံကြည်ခြင်း( ပန်ကန်) ကိုယူလျက်သွား ရောက်ရယူသောအစာ(ဆုကျေးဇူး)ကိုသာစားရမှာဖြစ်သည်။ တစ်ခုတစ်လေပဲယူရင် တစ်ခုတစ်လေပဲရမှာပေါ့။
►Rev.Hau Khem Cing ၏ “အလွန်သန် ့ရှင်းသောယုံကြည်ခြင်း” နှုတ်ကပတ်တော်မှပြန်လည်ဝေငှခြင်းဖြစ်သည်။